Wednesday, October 31, 2012

ကျနော် ဘာဆက်လုပ်ရမှာလဲ အမေ....

by Lay Pyay Thone on Wednesday, October 31, 2012 at 4:24pm ·

ခက်ခက်ခဲခဲနဲ့ လူဖြစ်ကြတဲ့ သူတွေထဲမှာ ကျနော်ပါတယ်
အနှစ်လေးဆယ်ကျော်မှာ...
ကျနော်ရတာ လက်နှစ်ဖက်မပြည့်ခဲ့ ပါဘူး
ကျနော်ပေးလိုက်ရတာ...ရင်တစ်ခုလုံးပါအမေ
မွေးကတည်းက ဆာလောင်တတ်တဲ့ အကျင့် က
အချိန်တိုင်း ဆာလာခဲ့ တာ
ကျနော် သံသရာကို ပန်းပေးလိုက်ပါတယ်။

ခေတ်ဆိုးကြီးကိုဖြတ်ခဲ့ ရပါတယ်ဆိုလို့ 
ရောမမြို့ ကြီးက အော်ရီတယ်အမေ
ကျနော်ဆိုခဲ့ တဲ့ သီချင်းကို
ကျနော်မှတ်မိနေသရွေ့ 
ကျနော်နေကောင်းနေပါသေးတယ်

ကျနော့် ကျောပေါ်မှာ
မိုးခေါင်ရေရှားမြို့ လေးရယ်...
မိသားစုနှစ်ယောက်သာရှိတဲ့ အိမ်ကလေးရယ်...
ငယ်သူငယ်ချင်း တစ်ယောက်နှစ်ယောက်ရယ်...
ဒုက္ခတွေ ပေကျံနေတဲ့  ကျောင်းလွယ်အိပ်လေးရယ်...
မသုံးဘဲနဲ့  သိမ်းထားခဲ့ တဲ့   ဆယ်ပြားစေ့ လေးရယ်...
အကြွေစောခဲ့ တဲ့  ခရေပွင့် ခြောက်လေးရယ်...။

ထွားချင်တိုင်းထွားနေတဲ့ 
ကျနော့်  အကုသိုလ်တွေက
နေ့ နေ့ ညည ဖူးပွင့် နေလိုက်ကြတာ
ကျနော် လက်နက်မဲ့ ရင်ဆိုင်ခဲ့ ပါတယ်အမေ။

ရှောင်ထားတာက မရိုးသားမှု
ဆောင်ထားတာက အိပ်မက်တစ်ခု
ဘာဆုမှမရလည်း
ကျနော်အလံမလှဲခဲ့ ဘူးအမေ။   ။

လေပြေသုန်
၃၁ အောက်တိုဘာ ၂၀၁၂
 

Tuesday, October 30, 2012

မိဘများသို့

by Kabyar Mane Kalay on Wednesday, October 31, 2012 at 1:19am ·

မွေးစကလေးတစ်ယောက်ရဲ့ရှိုက်သံ..
အသည်းခိုက်သလို.....ငိုနေရအောင်...
သူ..ဘာတွေကိုများ..ဝမ်းနည်းနေခဲ့တာလဲ။
ခံစားချက်တိုင်းဟာ ထုတ်ဖော်ပြသခွင့်မရှိဘူးဆိုပေမယ့်
ကလေးလည်းကလေးအထွာနဲ့ပေါ့..။
ချောကလက်တစ်ခုအတွက်..မလုယက်ချင်ဘူး
ငြိမ်းချမ်းခြင်းကိုဦးတည်ပါရစေ....
ဖေဖေရေ...မေမေနဲ့ ရန်မဖြစ်ပါနဲ့...တဲ့..
တစ်ချို့က..ဆုတောင်းကြလိမ့်မယ်....။
သူတို့ဘဝတွေများ...တောင်းစရာဆုအတွက်
အကြောင်းအကျိုးပြုတဲ့ကိစ္စတွေရှိနေသေးတယ်...။
ငါကတော့
ကိုယ်လှေကိုယ်ထိုး..ပဲခူးတောင်မရောက်တဲ့အခါ..
တောင်းစရာလည်း..ဆု..မရှာတတ်ခဲ့ဘူး..။
Enter တစ်ချက်နှိပ်ရုံနဲ့..ဂိတ်ဆုံးဘဝရဲ့အောင်မြင်မှုကို
ငါ..သူတို့လို..ရခဲ့ရင်...
ဘာမှထပ်မပူဆာချင်တော့ပါဘူး။
မေမေ..ရေ...ဖေဖေ့ကိုပြန်ရှာပေးပါ....
လှဲလျောင်းရာက.မထနိုင်တဲ့အခါ...ဖေ့ဖေ့ခန္ဓာဟာ..
အောက်ကမ္ဘာမှာ..အေးစက်နေမလား..။
မေမေရေ....
သမီးကို...နားလည်ပေးပါ...
မျက်ရည်တစ်စကျဖို့အတွက်..ပုန်းငိုစရာနေရာကလည်း
သမီးအတွက်ရှားတယ်မေမေ...။
ရင်ဘတ်ချင်းနီး...ချက်ကြိုးချင်းစည်းခဲ့ကြတဲ့..
သားအမိဖြစ်နေတာတောင်...
သမီးရင်အုံက...လှိုက်ဖိုနေတာ..
မေမေမမြင်ခဲ့ဘူး..................။..........။
ဖြစ်နိုင်ရင်လေ.......
အမှောင်မရှိတဲ့..ကမ္ဘာမှာ...(ဖေဖေနဲ့မေမေ့ကို)
တစ်နေရာ..တစ်ဒေသထဲမှာ...
အတူထိုင်စေပြီး.....ဒီကသမီး...
ဦးခိုက်လို့..ပူဇော်...အကျိုးကိုမျှော်ကိုးရရင်တော့
သမီးတို့မိသားစု...အသိုက်မြုံတစ်ခုတည်းမှာ..
ရင်ငွေ့နွေးနွေးကို..လှုံချင်တယ်....။မေမေ.............။
(ဝတ်ရည်ကိုကို..အောက်တိုဘာ-၃၀-၂၀၁၂-သီတင်းကျွတ်လပြည့်ည..-၁း၂၅PM)