Wednesday, September 26, 2012
ကျနော်နဲ့  အနိစ္စများ
မီးခြစ်လည်း ငါနဲ့ ကြာကြာမနေဘူး
ထီးလည်း ငါနဲ့ ကြာကြာမနေဘူး
ဘောပင်တွေ…ဦးထုပ်တွေ
ငါနဲ့  ကြာကြာကိုမနေဘူး…
ကောင်မလေးတွေလည်းကြာကြာမနေဘူး
ကြည်နူးမှုတွေလည်းကြာကြာမနေဘူး
အပျော်ရက်တွေလည်းကြာကြာမနေဘူး
ငွေစ ကြေးစတွေလည်းကြာကြာမနေဘူး
အချစ်တွေလည်းကြာကြာမနေဘူး
တရားသော ညနေခင်းတွေလည်းကြာကြာမနေဘူး
မိသားစု ညချမ်းတွေလည်းကြာကြာမနေဘူး
ကြာကြာမနေတဲ့  ကြာကြာမခံမှုတွေများများလာတော့ 
ငါ့ ကိုယ်ငါတောင် ကြာကြာခံပါဦးမလား
ငါ့  အဓိပယ်တွေလည်းကြာကြာခံပါ့ မလား…ငါ့ အနိစ္စရယ်။
၆ စက်တင်ဘာ ၂၀၁၂
Subscribe to:
Post Comments (Atom)
No comments:
Post a Comment