by Lay Pyay Thone on Wednesday, August 29, 2012 at 4:43pm ·
စိတ်ဓါတ်ကျစရာက ဘာလုပ်လုပ် အိမ်မြှောင်စုတ်ထိုးသလို ထွက်ထွက်အော်ရ
စပ်ကူးမပ်ကူးမို့  စပ်ရှားရှားဖြစ်နေရတာပါတဲ့ 
စိတ်ကိုပျိုအောင်နုအောင် မနည်းပျိုရနုရ
စိတ်ရူးပေါက်တိုင်း ထ ထအော်နေရတဲ့  စိတ်ပျက်လက်ပျက်လမ်းမတွေ...
စိတ်နောက်ကိုယ်ပါရင်လည်း ကိုယ်ပဲပါသွားမှာမို့ 
စိတ်တိုင်းမကျလည်း ဒီအတိုင်းမော့ချပစ်လိုက်တယ်...။
စိတ်ကြီးဝင်နေတဲ့  စိတ်ကူးယဉ်သမားတွေကလည်း
စိတ်တူသဘောတူ စိတ်ဖေါက်ပြန်နေကြပြီး
စားမာန်ခုပ်ခါနီးရင် အမြီးထောင်တတ်တဲ့ ကောင်တွေကများ
စောက်ထိုးမိုးမျှော် စိတ်ကူးစိတ်သန်းကလည်း
စောက်မှန်းကမ်းမှန်းမသိတတ်တော့ 
တစ်မျိုးသားလုံး စိုးရိမ်ရေမှတ်ရောက်နေတာတောင်မှ
တယောလေးထိုးလိုက် နှဲလေးမှုတ်လိုက်နဲ့ 
စည်းလွတ် ၀ါးလွတ် သောင်းကျန်းနေလိုက်ကြတာ...
စုံးစုံးမြုပ်ရမယ့် ကိန်းပါပဲ။
( ၂၉ သြဂုတ် ၂၀၁၂ )

No comments:
Post a Comment