ဒီလမ်းက ဒီပန်းတွေနဲ့ မတန်ပါဘူး
ဒီပန်းတွေကလည်း ဒီလမ်းနဲ့ မတန်ပါဘူး
ဒီလမ်းက အရက်စစ်စစ်မရောင်းဘူး
ဒီလမ်းက အပျော်စစ်စစ်မရှိဘူး
ကုန်စိမ်းသည်ကလည်း
တစ်ခြောက်ခြောက်ပါပဲ....
အကျိ ကန်စုံဆိုင်ကလည်း
တစ်ခြောက်ခြောက်ပါပဲတဲ့ 
အရက်ပုန်းရောင်းတဲ့  ကုလားမကလည်း တစ်ခြောက်ခြောက်ပါပဲ
နေစရာမရှိတဲ့  ကောင်တွေ ကလည်း တစ်ခြောက်ခြောက်ပါပဲ
သွားစရာမရှိတဲ့ ကောင်တွေကလည်း တစ်ခြောက်ခြောက်ပါပဲ
အဲဒီလိုခြောက်နေတဲ့ လမ်းမှာ....
ငါတို့ အိပ်မက်တွေက မခြောက်ဘူး
ငါတို့ ခြေလှမ်းတွေက မခြောက်ဘူး
မခြောက် မခမ်းနဲ့ 
အရောက်လှမ်းနေတဲ့  လမ်းပါ။ ။
လေပြေသုန်
၁၁ စက်တင်ဘာ ၂၀၁၂
ဒီပန်းတွေကလည်း ဒီလမ်းနဲ့ မတန်ပါဘူး
ဒီလမ်းက အရက်စစ်စစ်မရောင်းဘူး
ဒီလမ်းက အပျော်စစ်စစ်မရှိဘူး
ကုန်စိမ်းသည်ကလည်း
တစ်ခြောက်ခြောက်ပါပဲ....
အကျိ ကန်စုံဆိုင်ကလည်း
တစ်ခြောက်ခြောက်ပါပဲတဲ့ 
အရက်ပုန်းရောင်းတဲ့  ကုလားမကလည်း တစ်ခြောက်ခြောက်ပါပဲ
နေစရာမရှိတဲ့  ကောင်တွေ ကလည်း တစ်ခြောက်ခြောက်ပါပဲ
သွားစရာမရှိတဲ့ ကောင်တွေကလည်း တစ်ခြောက်ခြောက်ပါပဲ
အဲဒီလိုခြောက်နေတဲ့ လမ်းမှာ....
ငါတို့ အိပ်မက်တွေက မခြောက်ဘူး
ငါတို့ ခြေလှမ်းတွေက မခြောက်ဘူး
မခြောက် မခမ်းနဲ့ 
အရောက်လှမ်းနေတဲ့  လမ်းပါ။ ။
လေပြေသုန်
၁၁ စက်တင်ဘာ ၂၀၁၂
No comments:
Post a Comment