ကဗျာနဲ့ မွေးဖွားခဲ
့ပြီး ကဗျာနဲ့ ပဲနေခဲ့ တယ်
ကဗျာနဲ့ တော
့အတူသေမသွားဘဲ
စေးပိုင်နေတဲ
့မှော်သားအတိနဲ့  ကဗျာတွေကိုထားခဲ့ တယ်
ထားခဲ့ တဲ
့ကဗျာတွေက တို့ ခေါင်းရင်းမှာ တို့ အလံတိုင်ထိပ်မှာ
လူထုကဗျာကို
လူထုလေ လူထုအသံနဲ့ 
လူထုထံ အရောက်ပို
့နိုင်တဲ့ သူ
ကြက်ရင်အုပ်လောက်ရှိတဲ
့ရင်အစုံက
လောကဓံတရားကို
ရယ်သံတွေနဲ့ ဖုံးနိုင်တဲ့ သူ
ဘ၀အမောကိုလည်း
ကဗျာတွေနဲ့ တွန်ကျူးနိုင်တဲ့ သူ
အလှဆုံးပါအကိုရယ်
အကို မွေးလာခဲ
့သလို မဟုတ်ပေမယ့် 
အကိုနေထိုင်တဲ
့တစ်ဝက်ကိုတော့  တုပြီးနေပါရစေ
ကဗျာကျောက်ကောင်း
တစ်ပွင့် ကြီးရေ
ရောက်လေရာဘုံအနန်းနန်းမှာ
ကဗျာပန်းတွေဆက်ပွင်
့ပြီး
မှော်ဆရာတစ်ယောက်ရဲ
့လက်ထဲ
အသည်းမာမာနဲ
့ နန်းသိမ်းပွဲတွေကျင်းပနိုင်ပါစေအကို
မကွေးရေနံချောင်းခရီးမှာ
အကို မရေးဖြစ်ခဲ
့တဲ့ ကဗျာတစ်ပုဒ်
အကိုမရေးရက်တဲ
့ကဗျာတစ်ပုဒ်လိုပါပဲ…
ခေတ်က အကိုရှိတုန်းကအတိုင်းပါပဲ
မေလမှာသစ္စာပန်းတွေ
ပွင့် နေဆဲပါပဲ
ငွေဟာသက်ရှိဖြစ်ပြီး
လူဟာသက်မဲ့ ဖြစ်နေတုန်းပါပဲ
မချစ်လည်း
လောကဓံတရားနဲ့ အတူ အရက်ချက်နေတုန်းပါပဲ
လောကဓံတရားက
သဘောအမှန်အတိုင်းသွားနေတုန်းပါပဲ
အကိုရယ်…
ကျနော်တို
့ရင်ဘတ်တွေကို ဆန်နဲ့ ပေါက်ရင်
ပေါက်ပေါက်တွေပွင်
့နေဆဲပါပဲ
အကိုပြန်မလာတော
့တဲ့  ညနေခင်းတိုင်းမှာ
ကြယ်ပြာလေးနဲ
့ ထမင်းအတူစားရအောင် စောင့် နေတုန်းပါ…။
။
ကဗျာဆရာမောင်ချောနွယ်သို
့
လေပြေသုန်
( ၂၀ ၊ ၈ ၊ ၂၀၁၂ )
No comments:
Post a Comment