Thursday, December 13, 2012

ကျန်နေခဲ့ပြီလား............

by Smile Lay on Friday, December 14, 2012 at 11:21am ·
မိန်းမတို့ ဘုန်း ဆံထုံး
မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရခဲ့
သွန်သင်ပေးခဲ့ကြတဲ့ အဘိုးအဘွား
သင်္ခါရ သဘောတရားအရ
အဝေးဆုံးကို ရောက်နေခဲ့ပြီ
အသိပညာပေးခဲ့တဲ့
ဆုံးမစကားတွေလည်း
အခုတော့ သင်္ခါရ သဘောတရားလိုအဝေးဆုံးသို့ တရွေ့ရွေ့
ယဉ်ကျေးမှုတွေလည်း ပျက်သုဉ်းလုနီးပါး
.......................
ဝတ်ဆင်မှု......တွေလည်း........
ခြေချင်းဝတ်မှသည်... ဒူးဖုံး
ဒူးထက် ပေါင်လယ်. နောက်ခွဲ. ရှေ့ခွဲ
အခုတော့ ချက်ပေါ်.........
ချက်ပေါ်မှသည်......
မတွေးဝံ့ဝံ့ တွေးမိခဲ့တဲ့အတွေးစ
ချက်ဆို နားကွက်က မီးတောက်တတ်ကြတဲ့ ခေတ်သမီးပျိုတွေမဟုတ်လား......
ချက်တွေကို ရဲရဲဝင့်ဝင့်ဖော်နေကြ....... တချို့......... ကိုပါ ဖော်......
ဒါကိုပဲ ပွင့်လင်းမှု တိုးတက်မှုရဲ့ပြယုဂ်အဖြစ်
ဂုဏ်ယူဝင့်ကြွား
မိဘမောင်ဖွားတွေမျက်နှာ..... မထောက်ထားဘူး......
တကယ်ဆိုရင်
လူမျိုးပါ ပျောက်ကွယ်သွားမဲ့အဖြစ်တွေကနေ
ရှေးလူကြီးတွေ ဆုံးမစကား
မြန်မာဆိုတဲ့ ယဉ်ကျေးမှု......
အမျိုးဘာသာ သာသနာ.... နည်းနည်းလေး စောင်းငဲ့ကြည့်တတ်ရင် (မင်းတို့နားထဲ. နည်းနည်းလေးဖြစ်ဖြစ် ၀င်သွားခဲ့ရင်)
ငါတို့ရဲ့မြန်မာနှစ်ကူးသင်္ကြန်.......
2012 တစ်နှစ်တည်းမှာတင်
သရုပ်ပျက်မှုတွေ.... ကျန်ခဲ့ပါစေလို့...................


နိုင်းနိုင်းအောင်....... (အမှတ်တရ ဧပြီ ၊ 2012 )
 

No comments:

Post a Comment