Saturday, December 1, 2012

သမိုင်းဝင်သွားတဲ့ ...မသိုးသင်္ကန်း

 

 

by Lay Pyay Thone on Saturday, December 1, 2012 at 2:03pm ·
အနာကျက်ပေမယ့် 
သံသရာပါ အမာရွတ်ကျန်လိမ့် မယ်...
ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ လား
ဒင်းတို့ မစင်စားပြောတဲ့ စကား
အဲလောက်ထိ တရားမရှိနိုင်ဘူး

နိုဝင်ဘာ ၂၉
အဲဒီနေ့ က ရူးမတတ်ခံစားရ
တစ်ပြည်လုံး အပူလုံးဆို့ ခဲ့ ရတယ်...
ဗြဟ္မဏတိဿလက်သစ်လို့ ပြောရအောင်လည်း
ဘာသာခြားတွေမဟုတ်
ဒေ၀ဒတ်ဘယ်လောက် ကြောက်မောင်းဆင်ဆင်
ဘုရားရှင်အသက်ချမ်းသာခဲ့ တာပဲ...
ဘုရား တရား သံဃာတဲ့ 
ခု ရတနာသုံးပါးလုံးကွယ်ကြပြီလား...
ခေတ်အမှားက အနှစ်တရားကိုပါထိခိုက်
မသိအမိုက်တွေ...ဇာတိစရိုက်တွေထုတ်ပြလိုက်တာက
ကမ္ဘာကုန်ကျယ်သရွေ့ 
ငါတို့  မေ့ မထားနိုင်ဘူး...
နဖူးပြင်မြေစိုက်လို့   ခြေတော်အစုံဦးခိုက်လိုက်ပါတယ်ဘုရား...။

မဆလ ခေတ်ဦးက သာသနာသန့် ရှင်းရေးဆိုပြီး
သင်္ကန်းတွေ ဆွဲချွတ် ရဟန်းတွေကိုထောင်ထဲပို့ ခဲ့ ဖူးတယ်...
ဓါတ်ဘုန်းကြီး နတ်ဘုန်းကြီး ချဲဘုန်းကြီး
သင်္ကန်းအရေခြုံတွေခေတ်ထ
ထေရ၀ါဒရဟန်းတွေ ဘေးထုတ်ခံခဲ့ ရဖူးတယ်...
ဘုရားဒကာလိုလို သာသနာပြုမင်းလိုလိုနဲ့ 
ရွှေဝါရောင်မှာ...သံဃာခေါင်းရိုက်ခွဲဖူးတယ်...

ခုတစ်ခါ...
သံဃာကိုလောင်တိုက်သွင်း
ဘုရားအရေတော်ကို မီးရှို့ လိုက်ကြပြန်ပြီ...

ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မယ့် သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင်ဒီလိုသင်္ကန်းမရှိဘူး။
နောင်တစ်ချိန်မှာ သမိုင်းမှတ်တမ်းဝင်မည့် သင်္ကန်းတွေဖြစ်ပါတယ်။
                                                                             သီတဂူဆရာတော်

အရိုင်းဘုရင် နှိုင်းယှဉ်စရာမရှိပါဘူး
သမိုင်းဝင် မသိုးမပုပ်မယ့်  မသိုးသင်္ကန်းကို
အမျိုးမြင်အောင်ပြလိုက်ပြီလေ..........................။

လေပြေသုန်
၁ ဒီဇင်ဘာ ၂၀၁၂

No comments:

Post a Comment