Sunday, December 9, 2012

အပူတစ်ပိုင်း အအေးတစ်ပိုင်း ဒီဇင်ဘာ...


by Lay Pyay Thone on Monday, December 10, 2012 at 1:09pm ·
မသင်ပဲနဲ့  ချက်ချင်းတတ်မြောက်ခဲ့ တဲ့  ငိုချင်းနဲ့ အတူ...
ဒီဇင်ဘာကို စရင်ဆိုင်ခဲ့ ရတယ်...
တကယ်တော့  ဒီဇင်ဘာက အလှဆုံးလပါ...
ငါချစ်တဲ့  လတစ်လလည်းဖြစ်တယ်...
ဘ၀တစ်ခုကို...မျက်ရည်နဲ့ ရောနေတဲ့  နှင်းရိုင်းတွေနဲ့ အတူ...စခဲ့ တယ်...
ဘ၀တစ်ခုကို...မိန်းမနှစ်ယောက်ရဲ့  ရင်ခွင်ထဲမှာပဲ...စခဲ့ ရတယ်...
ဘ၀တစ်ခုကို...အဖေမပါဘဲ...စခဲ့ ရတယ်...
ဒီဇင်ဘာရယ်...ငါနင့် ကိုစွဲစွဲမြဲမြဲချစ်ခဲ့ ပါတယ်...

ဒီဇင်ဘာ ၁၇ ကြိမ်မြောက်မှာ...အဖွားရော အမေရောမရှိကြတော့ ဘူးလေ...
ဘ၀ကို ပူတစ်လှည့် အေးတစ်လှည့်နဲ့  ဖြတ်သန်းခဲ့ တာ...
ခု ၄၂ ကြိမ်မြောက်ခဲ့ ပြီ...
ဒီဇင်ဘာရေ...နင်နဲ့ ငါ ဘယ်သူနိုင်ပြီးဘယ်သူရှုံးခဲ့ သလဲ...
ကြိုးဝိုင်ထဲမှာတော့  ငါရှိနေသေးတယ်...

ခက်တယ်ဒီဇင်ဘာ...ခုချိန်မှာ ဘာကိုမှအနိုင်မလိုချင်တော့ ဘူး...
အရှုံးလည်းမပေးနိုင်ဘူး...
ပွင့် နေတဲ့ ပန်းတွေကလည်း ငါနဲ့ မဆိုင်တော့ သလို...
ကျနေတဲ့ နှင်းတွေကလည်း...မလှတော့ သလို...
နှင်းရိုင်းတွေကိုဖြတ်လာတဲ့ လေက...ဘ၀တစ်ခုလုံးကိုအရိုးကွဲစေ သလို...
အလျှိုအလျှိုနဲ့  မေတ္တာစစ်တွေ ဘ၀ထဲကထွက်ပြေးနေသလို...
ဒီဇင်ဘာရေ...
ငါချစ်နေနိုင်ပါသေးတယ်...
နှင်းရိုင်းတွေထဲမှာ...မတ်မတ်ရပ်ရင်းပေါ့ ...။

လေပြေသုန်
(၁၀ ဒီဇင်ဘာ ၂၀၁၂ )
၄၂ နှစ်မြောက် မွေးနေ့ အမှတ်တရ...

3 comments:

  1. နှင်းရိုင်းတွေကြားကနေပဲ ဆုတောင်ပေးပါတယ်
    ဘုရားသခင်အေးရိပ်မှာ ထာဝရ ကျရောက်ပါစေလို့
    နောက်ကျတယ် ခုမှတွေ့လို့

    ReplyDelete
  2. လင့်လဲယူသွားမယ်အကိုရေ
    follower လဲလုပ်ခဲ့တယ် c-box မတွေ့လို့လာပြန်ရေးတာပါ

    ReplyDelete
  3. ဟုတ်ဗျာ....ကျေးဇူးပါ

    ReplyDelete