Tuesday, October 30, 2012
ဂငယ်ကွေ့ တစ်ကွေ့ မှာ ကိုယ်ကျိုးကြည့်နဲ့ ပက်ပင်းကြီးတိုးခဲ့တယ်ဆိုပါတော့
by Linlet Taryar on Tuesday, October 23, 2012 at 2:51pm ·
ဒီပွဲမှာ စိတ်ဒဏ်ရာရ ကစားသမားတွေ များတယ်
ကိုယ့်အပူတွေ သူတပါးကူးမှာစိုးလို့  မြိုချထားရတာ
မြို့ပတ်ရထားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားသူ ရေသန့် ဗူးခွံကလေး
သစ္စာတရားရဲ့ အပြင်ဘက်မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေတယ်
ငယ်ဘဝလေးဆီ ရွက်တိုက်လွှင့်ရတာ လက်ပမ်းအကျဆုံးပဲ
ဘကြီးအောင်ညာတာ အကျိုးအကြောင်း ခိုင်လုံပါရဲ့လား
ဖိနပ်အောက်က ပီကေဟာ တချိန်က လျှာပေါ်မှာ
ငါးရိုးထွင်သလို ရိုးတွင်းချည်ဆီထဲကနေ ထွင်းထုတ်ပစ်ချင်တဲ့ ဗွီအိုင်ပီယဉ်ကျေးမှု
နေကြာစေ့ခွံလေးမှာ အချစ်ဇာတ်လမ်းတစ်ပုဒ် ရှိတယ်
နေပါဦး ထွက်သက်လေးရယ် ဒိဋ္ဌိကို မခွာရသေးလို့ ပါ
ချော်လဲနေတဲ့ လမ်းမက သူ့ ကိုယ်သူပြန်ဖာဖို့ ကုန်းထနေ
ဒုက္ခဟာ လင်နောက်လိုက်လာတဲ့ မိန်းမလို ကပ်ပါလာပြန်ပြီ
ခိုမဟုတ်တဲ့ ခိုတွေ ထပ်ခိုးလေးထဲ ခိုးခိုးခစ်ခစ်
ဟာသထဲ ဇာတ်လိုက်ဟာ ဇာတ်အနာရဆုံး
ရယ်သံဟာ အမောတကောနဲ့ လူသားဟာ လောကဓံ ပူပူနွေးနွေးနဲ့ 
ကွမ်းယာသည်မလေးရဲ့ ပါးကွက်ကြားမှာ ငွေနံ့ ကြေးနံ့ တွေ စင်သွားတယ်
ငရဲကို ခပ်ရဲရဲ မျှားသူများ
တောင်ပတ်လမ်းကလေးကို သံသရာနဲ့ တင်စားမယ်
ရှုခင်းပေါ် ခြေချော်လက်ချော်သစ်ရွက်လေးတွေရဲ့  အနုပညာ
ဟဲလို! နှစ်သိန်းတန် ဆင်းကဒ် ရပြီလား
ရပ်ကွက်လေးရဲ့ စုဗူးထဲ ပြည့်လျှံနေတဲ့ အော်သံတွေ
နှင်းရယ်...ငါ့တို့ တိုင်းပြည်ကြီးပေါ် တရားမျှစွာ ဝေလိုက်ပါတော့...။
                                                          လင်းလက်တာရာ
                                                          23,10,2012 / 12;31 pm
ဗုဒ္ဓပြုံးခဲ့သော တီကောင်များ
by Ko Sarr on Sunday, October 28, 2012 at 9:51am ·
သံသရာက တစ်အိမ်လိုတယ်ဆိုလို့
ဝင်ထိုင်မိပါတယ်...
ကျုပ်မှာခုထိ ထမရတော့ဘူး...။
လောဘတစ်ကျိုက်၊မောဟတစ်ကျိုက်နဲ့
လောကပုရပိုက်မှာ...
ဒုလ္လဘတရားကို ခါးပိုက်ပိုက်မိပြီမို့
ကဲ...
ကြုံသလိုလေး လွဲလိုက်ကြဦးစို့..။
ဒီပွဲမှာ ဘယ်သူတွေဟာ ဘယ်လောက်အထိ
ရိုးသားကြမလဲ...!ခိုးစားကြမလဲ...!နိုးကြားကြမလဲ...!
ပရိယာယ်လား...!အခင်းအကျင်းလား...!တန်ပြန်တိုက်စစ်လား...!
စရိုက်ခြင်းမတူပေမယ့် အတ္တရဲ့ထုထည်ကိုဖြတ်ပြီးရင်တော့
အမှန်တရားဆိုတာလည်း ယိုင်သွားမယ့် အလင်းတန်းတစ်ခုပါပဲ။
ပတ္တာပြုတ်နေတဲ့ လောကမာယာကို မသိချင်ယောင်ဆောင်ပြီး
အတ္တထောင့်ကျဉ်းကျဉ်းထဲမှာ ဘဝကို...
အဆစ်တောင်းချင်နေသူတွေလည်းရှိရဲ့
အလစ်ချောင်းချင်နေသူတွေလည်းရှိရဲ့။
'ပျော်ပါရဲ့လားလို့' မမေးတော့ပါဘူး
ကျုပ်တို့တတွေဟာ ကိုယ့်အမှားနဲ့ကိုယ်
ခဏတာ ကိုယ်ထင်လာပြနေကြတဲ့
သုံးဆယ့်တစ်ဘုံက ဒုက္ခရောင်စုံဖဲချပ်တွေပါပဲ။
အဖုံးမလုံတဲ့ ကိလေသာအံဝှက်ထဲမှာ...
ဘဝကို ဘဝတွေနဲ့ ကစားရင်း
ဘဝမေ့နေကြတဲ့...... တီကောင်တွေ...။           ။
Ko Sarr'ရဲရင့်လမင်း'
သဘာဝ
by Lay Pyay Thone on Monday, October 29, 2012 at 10:28am ·
ရှောင်ပြေးလို့ မလွတ်တဲ့  မြား
ဒီလမ်းကလည်းသွားကိုသွားရမှာ…
သက်ရှိ သက်မဲ့ 
သီးပင် စားပင်
ရေမြေ  တောတောင်
မြက်ခင်းကအစ
တို့ ရှူနေတဲ့ လေအဆုံး  ဒီလမ်းကပဲသွားတယ်။
ဒီလမ်းကို တို့ သုံးနေတယ်
ဒီလမ်းက တို့ သွားနေတယ်…
တို့ လည်း  သဘာဝ
တို့ ပတ်ဝန်းကျင်လည်း သဘာဝ
တို့ ချည်းပဲလှနေလို့ မရ
တို့ ပတ်ဝန်းကျင်လည်းလှရမယ်….။
( သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  လုပ်ဆောင်နေတဲ့  သူငယ်ချင်းများသို့ ….)
လေပြေသုန်
ညခင်းအတွေး
by Lin Naung on Tuesday, July 31, 2012 at 11:39pm ·
တခါတလေ တွေးပါတယ်  ၊
အမှောင် အဆုံးမှာ ဘာရှိမလဲလို့ …
တခါထပ်ပြီးတွေးပါတယ်
ဥတုသုံးပါးနဲ့  လူရဲ့ ရင်ဘတ်ထဲမှာ ဘာရှိမလဲလို့ …
ဒီတခါနောက်ဆုံးတွေးပါတယ် ၊
ယုံကြည်အလင်း သာ မီးတောက်တခင်းဖြစ်ခဲ့ရင်
အဲ့ဒီ အစ်ဇင် တွေအမြန်လောင်မီး ကျပါစေ၊
ညအတွေးထဲ  ကျနော်ယဉ်ကျေးမှုလေး
မီးထတောက် ၊
ယုံကြည်ရာဟာ  ဖုတ်လှိုက်ဖုတ်လှိုက်
ရနံ့ ခြောက်လေးတစိုးတစနဲ့  ကျနော်တို့ ပေးလိုက်ရတဲ့ 
အဖိုးအခက  (သိပ်) များလွန်းခဲ့တယ်   ။
                                                      လင်းနောင်
Monday, October 29, 2012
ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
by မောင်ချောနွယ် on Saturday, August 20, 2011 at 5:08am ·
    ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်
    ဟိုး ခပ်ဝေးဝေး
    ကြီးကောင်စဝင်စ အသံလေးမှာ
    ပြန်စရာအိမ် မရှိရှာပါဘူး အမေရယ်
    ကမ္ဘာမြေကြီးပေါ်မှာ
    အကုသိုလ်ပန်းတွေဝေပုံကလည်း
    အဖူးပေါ် အညွှန့်တက်လို့
    တပ်မက်စရာပါလား အမေ
    သံသရာလေးတေးချင်းတွေက စီစီ
    ပုရစ်ကလေးလို သားကမြည်လို့ပေါ့
    တစ်ခါတစ်ရံတော့ အမေရယ်
    သားဘဝဟာ
    မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ် ။
    သားလေ
    သူ့ကိုယ်ပိုင် အသီးတွေ
    ညွတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမယ့်
    ပျော်ရှာတဲ့
    ကုန်ထမ်းသမား သလဲပင်ကလေးကို
    အားကျမိတယ် ။
    အမေရယ်
    လေတွေထန်နေလေလေ
    သားမှာ ကြေကွဲရလေလေပါပဲ
    မိုးဦးအကျစောမယ်ဆိုတာလည်း
    တကယ်တော့
    လောကဓံတရားပါလား
    အိပ်စရာမရှိတဲ့ ညတွေမှာ
    မိုးတွေသိပ်ရွာတာပဲ အမေရယ် ။
    အမှောင်နဲ့ စိုစွတ်
    မိုးရေတွေ ရွှဲရွှဲနစ်လို့
    အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ ။
    ဆုံးရှုံးမှု သစ်ရွက်တွေ မရှုမလှနဲ့
    ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
    သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
    သားငြင်းဆန်တယ် အမေ
    အမေ မသိဘူးလား
    အမေ့သားက ကဗျာဆရာလေ
    အမေရဲ့ ။
    တကယ်တော့လည်း အမေရယ်
    ကဗျာဆရာဆိုတာ
    ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ ။
    အမေရယ်
    ဟောဒီ ကမ္ဘာလောကကြီးမှာ
    အမေ့သား ကဗျာဆရာဖြစ်လာတာ
    အပြစ်ရှိပါသလား အမေ
    သားရဲ့ အချစ်မှာလေ
    ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
    စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
    ခုတော့
    တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
    ခေါင်းအုံးအိပ်မိလို့
    အကြင်နာအမဲ့ဆုံး ဆုလဒ်ကို သားရခဲ့ပါတယ် ။
    အမေမသိဘူးလား
    လူတွေရဲ့ အပြုံးမှာ
    ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့ ။
    ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
    ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
    သား တူးတူးခါးခါး မုန်းတယ်အမေ ။
    အမေရယ်
    တခြားသူတွေ အတွက်တော့
    အရာရာဟာ
    လက်တစ်ပစ်စာရယ်ပါ ။
    သားမှာတော့
    ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
    သားလေ
    ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး ။
    သားရဲ့ ' ဘီး ' ကလေးဟာလေ
    ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
    ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
    ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ ။
    အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
    နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
    အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
    အမေရယ်
    လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
    ကျနော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
    အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
    ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
    ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
    အမေရယ်
    အတွင်းလူမမာ တစ်ယောက်ပါ ။
    ဒါပေမယ့်
    သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
    ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလည်းပါတယ်လေ
    လူနဲ့သူနဲ့ မတူတဲ့လူလို့
    လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
    ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
    ဘယ်တော့များမှ သမ္မဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
    တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့
    မျက်စေ့တစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
    သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
    ဘဝကို ဖြစ်ညှစ်ကြည့်လိုက်တော့
    လိမ္မော်သီးကလေးမှာ
    အချိုရည် ကျန်သေးတယ်
    အို....
    အသည်းနှလုံးထဲမှာ
    ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ် ။
    ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
    မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
    နှင်းစက်တွေကို
    အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
    လမင်းကို
    ပြည့်ပြည့်ဝဝ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
    အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
    မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
    မကြာခဏ
    လူလိမ်ခံရတဲ့
    ရင်ထဲက ကြယ်ပြာလေးရယ်
    နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
    အပျော်လေးရယ်
    သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
    တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
    အမေ့သားမှာ ပိုင်ဆိုင်ပါတယ် ။
    ထမင်းစစ်စစ် စားချင်တယ် အမေရယ်
    အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
    ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
    ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
    ပြီးတော့ ဟောဒီလို
    အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
    တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
    ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
    အမေရယ်
    အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
    သားသင်္ဘောလေ အမေရဲ့ ။
    ကျနော် ရိုးသားခဲ့ပါတယ် အမေ
    ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။
    မောင်ချောနွယ်
--------------------------------------------------------------
မောင်ချောနွယ်ကဗျာပြပွဲ
    ကဗျာဆရာမောင်ချောနွယ်ဟာ မြန်မာမော်ဒန်ကဗျာလောကမှာတော့ ထင်ရှားတဲ့ ကဗျာဆရာတယောက်ပါ။ ကျွန်တော်စုဆောင်းထားပြီးသမျှ သူ့ရဲ့ကဗျာတွေကို ပြန်ပြီးဝေငှပေးချင်တဲ့ စေတနာနဲ့ ထရက်သပ်သပ်ဖွင့်ပြီး တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ မူလတင်ပေးသူများဖြစ်တဲ့ လမ်းအိုလေး၊ ဒေါက်တာလွဏ်းဆွေဘလော့ခ်၊ poems corner နဲ့ မြန်မာကျူးပစ်မင်ဘာများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
    ကဗျာဆရာမောင်ချောနွယ်အား ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။
တစ်နပ်ထက်တစ်နပ် ပိုပိုမှောင်လာ...
by Lay Pyay Thone on Sunday, October 28, 2012 at 12:34pm ·
ဆူဖြိုးတယ်ဆိုတာ...မနေ့ တစ်နေ့ က
အိပ်မက်ထဲက၊ ဟိုကလိုလို ဒီကလိုလို
သောင်ပြင်မှာလွှတ်ထားတဲ့ 
ဒီနေ့ ...ပြန်မရွေးနိုင်ရင်ဆုံးပြီဆိုတာသိသိနဲ့ 
ရှိုးနဲ့ မိုးနဲ့ ...ဈေးထဲဖြတ်လျှောက်
ငါ့အတွက်တော့   နေမ၀င်အင်ပါယာပါ။
တောင်ကလာမှမိုးမဟုတ်တော့ ဘူး...
လူတိုင်းရင်ထဲတစ်နပ်တစ်ခါမိုးတွေရွာနေတယ်
သူရဲကောင်းဆိုတာ...ရာဇ၀င်ထဲမှာလား
ရုပ်ရှင်ထဲမှာလား၊ ရုပ်တုတွေလား
ငါကတော့  လက်ခုပ်လက်ဝါးတီးပြီးကို သူရဲကောင်းဖြစ်ခဲ့ တာ။
မိုးကောင်းတုန်းကတော့ ရွာခဲ့ တာပဲ...
ခုချိန်မှာ မိုးချုန်းသံကိုတောင်ခပ်ကြောက်ကြောက်
ဒုက္ခတွေကလည်း လက်ပံပင်ဇရက်ကျသလို...ငါ့ ဘေးမှာနားကိုငြီးလို့ 
ဟိုကောင်တွေ ထမင်းဝတော့ ဘာဖြစ်တယ်...ငါ့ ဒီနေ့ ကလည်းအဲလိုပဲ...လွဲပါ့ ။
လေပြေသုန်
၂၈ အောက်တိုဘာ ၂၀၁၂
ကြယ် နီ ရဲ့ စာ
***ထကြွရင်ထကြွ မထကြွရင်တော့ အချခံရဖို့သာပြင်ထား***
ခေါင်းအေးအေးထားပြီး အလေးအနက်ကျုပ်တို့ရဲ့ လုပ်ရပ်အားလုံးကိုပြန်ပြီးသုံးသပ်ရမယ့်အချိန်ရောက်ပါပြ
အစိုးရနဲ့ပဲအလုပ်လုပ်မယ် ပြည်သူနဲ့လုပ်မှာမဟုတ်လို့ ပြည်သူ့ဆန္ဒခံစရာမလိုပါဘူးလို့ OIC က ဖာသည်မကတော့ သူ့လင်ငယ်တွေ အားကိုးနဲ့ ပြတ်ပြတ်သားသားကိုစိန်ခေါ်လိုက်ပါပြီး ကျုပ်တို့ အော်တဲ့အသံဟာ သူ့ကိုယှဉ်လို့မရပါဘူး စကားရှိတယ်လေ မယားပြောရင် တည အမေပြောတော့ ၁ လဆိုတာ အခုကျုပ်တို့ကအဲလိုဖြစ်နေတယ်..
ဆိုကြပါစို့ အခုက တိုင်းပြည်ရဲ့တံခါးတွေမလုံတဲ့ကိစ္စဘဲ ဘင်္ဂလီအရေးတယုတ်အရေး OIC အရေး မြစ်ဆုံအရေး စတဲ့စတဲ့ အရေးပေါင်းများစွာ ကို အဓိကတရားခံဖန်တီးနေတဲ့သူ အ၀င်ခံနေတဲ့သူရှိကိုရှိနေတယ် လက်သည်တရားခံဟာ အပြင်စည်းကတော့မဟုတ်ဘူး အတွင်းစည်းထဲကပါ …………
အားလုံးပဲ အဲဒါဘယ်သူဖြစ်နိုင်မလဲ…………………..သေချာပါတယ် အဲဒါအုပ်ချုပ်သူတွေပါ အာဏာကိုလက်ဝယ်ရရှိထားပြီး အချုပ်အခြာအာဏာကိုတလွဲသုံးနေတဲ့ ………ဘိန်းစား ဖာထောင် (၆)တန်းမအောင် အစိုးရနဲ့သူ့ရဲ့အပေါင်းအပါတွေပါပဲ..
လာသမျှ ခွေး ပွေး ဖာသည်သူတောင်းစားဘိန်းစား ..အယုတ်တမာ အမျိုးယုတ် .. ဖာခန်းဖွင့်မယ်သူ ဘိန်းစိုက်မယ့်သူ .. လူကုန်ကူးမယ့်သူ .. အမျိုးသွေးနှောမယ့်ဟာတွေကို အဲဒီ ၀င်ပေါက်ကနေ လက်ခံနေသရွေ့ကတော့ ကျုပ်တို့က တော့ ခံနေရမယ်..
ပြည်သူတွေထကြွရင်ထကြွ မထကြွရင်တော့ ကျုပ်တို့တွေ အချ ခံရဖို့သာပြင်ထား ဒီနည်းပဲရှိတယ် ဒိပြင်မရှီဘူး……
အရင်ဆုံမဆန့် ကျင်ရင် အခု လို OIC ကိစ္စတွေနောက်ကိုလဲ ရာနဲ့ ထောင်နဲ့ ချီပြီးထပ်ဖြစ်လာဦးမှာဘဲ...ခြံစည်းရိုးကိုလုံအောင်ကာရမယ်....
မဟုတ်ဘဲ အပေါက်တိုင်းက ၀င်လာသမျှခွေးလေခွေးလွင့်တွေကို ထိုင်ရိုက်နေလို့ မပြီးဘူးကျုပ်တို့လည်းရိုက်ရတာအော်ရတာမောတယ်
အဓိက လက်သည်က ဒီစနစ်ဆိုးကြီးပဲ ကျုပ်တို့အားလုံးအတူတူတော်လှန်ကြမယ် ကျုပ်တို့ ဟိုတစ ဒီတစအော်နေမယ့်အစား (၁၃၀၀) ပြည့်တုန်းကလို အတူတူတော်လှန်ကြမယ်
Buddhism ပီသစွာ ခွေးလိုမကျင့်ဘူး ခဲလာရာမကြည့်ဘူးကျုပ်တို့ အဲဒီ ခဲကိုဘယ် ခွေးသူခိုးကပစ်နေလဲဆိုတာကြည့်ပြီး အမြစ်ကနေလှန်ပစ်ကြရအောင်
—