Tuesday, October 30, 2012

သဘာဝ


by Lay Pyay Thone on Monday, October 29, 2012 at 10:28am ·
ရှောင်ပြေးလို့ မလွတ်တဲ့  မြား
ဒီလမ်းကလည်းသွားကိုသွားရမှာ…
သက်ရှိ သက်မဲ့ 
သီးပင် စားပင်
ရေမြေ  တောတောင်
မြက်ခင်းကအစ
တို့ ရှူနေတဲ့ လေအဆုံး  ဒီလမ်းကပဲသွားတယ်။

ဒီလမ်းကို တို့ သုံးနေတယ်
ဒီလမ်းက တို့ သွားနေတယ်…
တို့ လည်း  သဘာဝ
တို့ ပတ်ဝန်းကျင်လည်း သဘာဝ
တို့ ချည်းပဲလှနေလို့ မရ
တို့ ပတ်ဝန်းကျင်လည်းလှရမယ်….။

( သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  လုပ်ဆောင်နေတဲ့  သူငယ်ချင်းများသို့ ….)

လေပြေသုန်

 

No comments:

Post a Comment