Tuesday, October 30, 2012
ညခင်းအတွေး
by Lin Naung on Tuesday, July 31, 2012 at 11:39pm ·
တခါတလေ တွေးပါတယ်  ၊
အမှောင် အဆုံးမှာ ဘာရှိမလဲလို့ …
တခါထပ်ပြီးတွေးပါတယ်
ဥတုသုံးပါးနဲ့  လူရဲ့ ရင်ဘတ်ထဲမှာ ဘာရှိမလဲလို့ …
ဒီတခါနောက်ဆုံးတွေးပါတယ် ၊
ယုံကြည်အလင်း သာ မီးတောက်တခင်းဖြစ်ခဲ့ရင်
အဲ့ဒီ အစ်ဇင် တွေအမြန်လောင်မီး ကျပါစေ၊
ညအတွေးထဲ  ကျနော်ယဉ်ကျေးမှုလေး
မီးထတောက် ၊
ယုံကြည်ရာဟာ  ဖုတ်လှိုက်ဖုတ်လှိုက်
ရနံ့ ခြောက်လေးတစိုးတစနဲ့  ကျနော်တို့ ပေးလိုက်ရတဲ့ 
အဖိုးအခက  (သိပ်) များလွန်းခဲ့တယ်   ။
                                                      လင်းနောင်
No comments:
Post a Comment