Thursday, November 1, 2012

မလိုင်ဖတ်အကြောင်းများ

by Winzaw Lwin on Tuesday, April 10, 2012 at 2:18pm ·
ပြီးတော့
“ဒါပဲလား”...တဲ့
အကြည့်တွေက
အစိတ်စိတ်အမွာမွာနဲ့
ပါဒတွေ၊ အနာတွေ၊၂၄နာရီတွေ
ဝိုင်ယာကြိုးလိုဆက်စပ်တဲ့ဒုက္ခတွေနဲ့
မှတ်စုကိုအဖွင့်
ယဉ်ကျေးပျူဌာသောအလင်းရောင်အယူအဆနှင့်
ဥပါယ်တံမျဉ်ဖြင့်လမ်းကျွမ်းတဲ့ပိုးမွှားများ
စွမ်းစွမ်းတမံတောက်ပလို့
ဓမ္မဓိဋ္ဌာန်ကျကျစုပြုံသောအဖြစ်အပျက်အပေါ်တွင်
အမှန်တရားအားမကျူးကျော်လိုသောဝီရိယများ
တဖက်ကမ်းခတ်တတ်ကျွမ်းသောကစားနည်းများ
အလွမ်းအားမပုတ်မသိုးအောင်ဆေးစီရင်ထားသောဝါဒများ
အားလုံးဆုတောင်းပူဇော်လိုက်ရမလား
ထပ်တူထပ်မျှခံစားရာ၌
ပုံပြင်များတုန်ရီလှုပ်ခါ
ဆူလွယ်နပ်လွယ်ရာအမှတ်သည်းခြေတို့ဥသြဆွဲ
ဆည်းဆာထဲရင်ခုန်သံအဟောင်းတွေပြင်ဆင်ရင်း
မြင့်မြတ်သောဓမ္မသီချင်းဖြင့်တိုင်တည်အံ့ ။

ဝင်းဇော်လွင်

No comments:

Post a Comment