Tuesday, November 6, 2012

ပြောပြန်ရင်လည်း လေပြေသုန်ပဲလွန်ရာကျမယ်....

by Lay Pyay Thone on Tuesday, November 6, 2012 at 4:06pm ·
သောက်ကျိုးနည်း
သောက်ဖြစ်မရှိတဲ့ အနုပညာနဲ့ 
သောက်ကြီးတွေကျယ်နေကြတာ...

ကျုပ်မှာတော့  ပြောချင်တာပြောခွင့် ရတဲ့ 
ကဗျာ တစ်ခုထဲကိုပဲ ဖက်တွယ်ထားပါတယ်
ခေတ်တွေစနစ်တွေကိုပြောမယ်...
လူတွေအကြောင်းပြောမယ်...
ဘ၀အကြောင်းပြောမယ်...
ဒါကိုမှ...အားမရသေးရင်...
လမ်းပေါ်မှာ ကဗျာတွေအော်အော်ရွတ်မယ်...

ကျုပ်ကဗျာတွေ လွတ်လွတ်လပ်လပ် အားရပါးရ ရေးမယ်
ကျုပ် ဘယ်ပါတီမှမ၀င်ဘူး
ကျုပ် ဘာဆိုင်းပုဒ်မှ မတတ်ဘူး
ကျုပ်ဝမ်း ကျုပ်ကြောင်းပြီး
ကျုပ်ကဗျာကျုပ်ရေးတယ်
အနုပညာကိုကျုပ်မသိဘူး
အနုပညာက ကျုပ်ကိုမသိလည်းရတယ်...

တစ်ချိန်မှာ ကျုပ်တို့ ထွက်သွားကြရမှာ
ကျုပ်ထားခဲ့ နိုင်တာ ကျုပ်ကဗျာ
ကျုပ်ယူသွားရမှာ...ကျုပ် ကုသိုလ်နဲ့ အကုသိုလ်
ခင်ဗျားတို့ နဲ့  ကျုပ်ဘာမှမပတ်သက်ဘူး
ကျုပ်ပြောရင် ကျုပ်အလွန်ဖြစ်လိမ့် မယ်။    ။

လေပြေသုန်
၆ နိုဝင်ဘာ ၂၀၁၂

No comments:

Post a Comment