Monday, October 1, 2012

မုံရွာကဖတ်ဖို့ ဒုတိယကဗျာ

by Lay Pyay Thone on Wednesday, September 12, 2012 at 11:06pm ·

တောင်လိုလိုမြောက်လိုလိုမတွေးနဲ့ 
ဒါ...မုံရွာရဲ့ သမိုင်း
မရိုင်းဘူး  မထိုင်းဘူး။
မန္တလေးကနေ  ရွှေဘိုအထိ
ရွှေအအတိနဲ့ ကုန်းဘောင်
ဘုန်းရောင်နေလ ကလည်း ၀င်းခဲ့ ပါရဲ့ ။

ဒီနေ့ မတိုင်ခင်က
မုံရွာမှာ သမိုင်းတွေ ရှိခဲ့ တယ်
ဒေါ်စု ဒီပဲယင်းမတိုင်ခင်မုံရွာရောက်တော့ 
ခွေးသခိုးတွေကမီးဖြတ်တယ်
သဗ္ဘညုကိုသွားတဲ့ လမ်းတစ်လျောက်မှာ
တစ်ယောက်ကို ဖယောင်းတိုင် တစ်တိုင်နဲ့ 
တစ်လမ်းလုံးကိုလင်းထိန်စေခဲ့ တာ မုံရွာ
ဒီပဲယင်း ကိုသွားတော့ လည်း မုံရွာပါတယ်
ဒီပဲယင်းမှာ သေကြတော့ လည်းမုံရွာပါတယ်
ဒီမုံရွာက
မုံရွာအောင်ရှင်ဆိုတဲ့  ကဗျာဆရာကျောက်ကောင်းတစ်ပွင့် ကိုမွေးဖွားခဲ့ တယ်
ဒီမုံရွာက မုံရွေးကြေးမုံ အသိုင်းအ၀ိုင်းကို မွေးထုတ်ခဲ့ တယ်
ဒီမုံရွာက စာတတ်ပေတတ် လူပြတ်တွေမွေးပြစ်ခဲ့ တယ်
ဒီမုံရွာက ခုလည်းတိုက်ပွဲဝင်နေဆဲ
ရွဲကုန်သည်တွေကို ရူးအောင်လုပ်နေဆဲပေါ့ ။

မုံရွာရေ...
ခင်ဗျားမှာရှိတဲ့ သတ္တိနဲ့ 
ခင်ဗျားရဲ့ အရှိတရားကို...ဒီကဗျာနဲ့ ဦးညွှတ်လိုက်ပါတယ် မုံရွာ။    ။

လေပြေသုန်
၁၂ စက်တင်ဘာ ၂၀၁၂

 

No comments:

Post a Comment