Saturday, October 13, 2012

အနုပညာ...စံလွဲနေ့ 

by Lay Pyay Thone on Sunday, October 14, 2012 at 10:48am ·
အနုပညာဟာ အနုပညာဝေးဝေးကိုရောက်နေတယ်
ကျနော်  မလုပ်ချင်တာတွေ လုပ်နေရဦးမှာလား
ကျနော် မနိုင်ဝန်တွေထမ်းနေရဦးမှာလား
ဒီ့ ထက်မှောင်တာတော့  မရှိတော့ ပါဘူး
ဒီ့ ထက်လေးပင်တာလည်းမရှိနိုင်ပါဘူး
ကျနော်...အနုပညာနဲ့ မဝေးပါရစေနဲ့ 

အနုပညာမရှိတဲ့ နေ့ ရက်များမှာ
လောကဓံက ပိုချိုလာသလား
လမ်းတွေကပိုကြမ်းလာသလား
ကန္တာရဆန်လှချည်ရဲ့ ဘ၀ရယ်...
ဒီလမ်းကို...ငါတစ်ကယ်သွားရတော့ မှာပါ
ကျနော်...အနုပညာနဲ့ သာမဝေးပါရစေနဲ့ 

အမှောင်ရဲ့ အဆုံးမှာ အေးစက်မှုတွေထုနဲ့ ထည်နဲ့ 
အသံနဲ့ တူတာဆိုလို့  ခြောက်ကပ်ကပ်ငါ့ ခြေသံနဲ့ အတူ
ရစ်သမ်ပျက်နေတဲ့  နှလုံးခုန်သံ...
အားလုံးဟာ အနုပညာမဲ့ လိုက်တာ
ချစ်စရာကောင်းတာဆိုလို့ 
ငါမက်ထားတဲ့ အိပ်မက်ပဲကျန်ခဲ့ တယ်...

လေပြေသုန်
၁၄ အောက်တိုဘာ ၂၀၁၂

အနုပညာကို ဈေးကွက်မတင်ချင်တဲ့    အမျိုးကောင်းသား  အတွက်

No comments:

Post a Comment