Friday, October 5, 2012

ခရီးမထွက်တဲ့  သစ်ပင်

 
by Lay Pyay Thone on Saturday, October 6, 2012 at 10:35am ·
ချစ်သူတစ်ယောက်ကို သတိရ လွမ်းဆွတ်နေရခြင်းထက်
ညနေခင်းတွေမှာ လမ်းလျှောက်ထွက်ရတာကမှ
ပိုပြီး အရသာရှိခဲ့ တယ်။
ဘယ်မှာလဲ
ပိုင်ဆိုင်မှုတွေ
ဘယ်မှာလဲ
သနား ဂရုဏာနဲ့  ကိုယ်ချင်းစာနာစိတ်တွေ
တဆိတ်လောက် လေထုနဲ့ အတူရှိနေကြစမ်းပါ။
ခေါ်သံတချို့ နဲ့  နုတ်ဆက်ခြင်းတချို့ ကို
ဘယ်လိုခံစားရမှာတဲ့ လဲ။
အဲဒါတွေက ပိုင်ဆိုင်မှု အစိမ်းသက်သက်တွေလား
ဒါဆိုရင်
အဲဒီခေါ်သံဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှုဖြစ်ပြီး
နှုတ်ဆက်ခြင်းဟာ
လူတစ်ယောက်ရဲ့  အသုံးမကျခြင်းတွေပေါ့ ၊
မနက်ဖန်နဲ့  အသစ်အားလုံးဟာ
စိတ်ကူးယဉ်မှုတွေဖြစ်ခဲ့ ပြီ ကောင်မလေးရေ။

ငါဟာ မှားယွင်းခဲ့  ရူးသွပ်မှုတွေအလယ်
ငါလိုချင်တာအချစ်စစ် ဘာကိုယုံရမလဲ
ငါ့ အတွက် တံခါးများက အမြဲတမ်း ပိတ်ဆို့ ထား
အရူးအမူး နှလုံးသားက
ဟား…ထွက်ပေါက်မရှိဘူး

မျက်စေ့ ရှေ့ က အစိမ်းရောင်တွေထဲမှာ
ပိတ်ချင်တိုင်း အပိတ်ခံထားရတဲ့ 
ချစ်တတ်ခြင်းအလင်းတွေဟာ
အဖြူသက်သက်မဟုတ်တာတော့  သေချာတာပေါ့ ၊
ဒီမှာ
ငါ့ ကိုယုံစမ်းပါ။
သံသယကင်းကင်းနဲ့  တံခါးဖွင့် လိုက်ပါ  ကောင်မလေးရဲ့ ။
တိတ်တဆိတ်စီးဆင်းခဲ့ ပါ့ မယ်။
သိပ်ဟုတ်တာပေါ့ 
အမုန်းထက်အလွမ်းက သက်သာတယ်ဆိုတာ။
ဟေ့ ….
တောင်ပံတစ်ချက်ခတ်ရုံ အချိန်ပေးပါ
အဲဒီမှာ  မင်းယုံအောင် ပျံသန်းပြချင်လို့ ၊
အစိပ်စိပ်အမြွှာမြွှာကွဲခဲ့ ရတဲ့ 
ရက်သတ္တပတ်ခန့်  အလွမ်းများ
နေ၀င်တိုင်း အော်မြည်ဟစ်ကြွေး သီချင်းများ
တကယ်ခံစားရတဲ့ အတိုင်း ရေးခြစ်လိုက်တဲ့ ကဗျာတွေ၊
တစ်စစီလွင့် ထွက်
သစ်ပင်များဆီ အိပ်တန်းတက်သွားကြပေါ့ ။
ခွင့် လွှတ်မှုတွေကို တစ်ရွက်ချင်းခြွေချ
သစ်ရွက်စိမ်းတွေရဲ့  ရူးရူးနှမ်းနှမ်း လှုပ်ခတ်ရင်ကွဲခြင်းတွေက
တစ်တောလုံးကိုကူးစက်
အလွမ်းဆုံးရက်တစ်ရက်ရဲ့  နေ၀င်သီချင်းတွေပေါ့ ကွယ်။

ငါဟာမူးယစ်ခဲ့  အဆိပ်သင့် ညတွေအလယ်
ကြင်နာသူကို တမ်းတလို့  ရင်ခုန်နေပေမယ့် 
ငါ့ အတွက်တ့ခါးများက အမြဲတမ်းပိတ်ဆို့ ထား
အရူးအမူးနှလုံးသားက
ဟား…ထွက်ပေါက်မရှိဘူး
( အစိမ်းရောင်တံခါးများ )

ပျားတစ်ကောင်ရဲ့ 
သိုမှီးတတ်ခြင်းမျိုးနဲ့  မင်းကိုချစ်ခဲ့ တာပါ။
အဲဒီအချစ်တွေကပဲငါ့ ကို အခက်အရွက်စုံစေခဲ့ တာ
ဘယ်လိုနေ့ မျိုးမှာ
စီးခဲ့ ရမှာလဲ။
ပိုင်ဆိုင်ခြင်းကို စိုက်ပျိုးရင်း
ငါ့ အခက်၊ ငါ့ အရွက်တွေကို
အစိမ်းခြွေ  မခြွေခံရစေဖို့ 
အတု အစစ်ခွဲမရတဲ့  သစ္စာတရားတွေနဲ့ ပဲ
ဆိုလိုက်ပါတယ်။

ငါဟာအတ္တမဲ့   အလင်းတစ်ခုဖြစ်ချင်တယ်
ပိုင်ဆိုင်တာတွေ စွန့် ပစ်ခဲ့  ရေလိုစီးဆင်းသွားချင်လည်း
ငါ့ အတွက် တံခါးများက
အမြဲတမ်းပိတ်ဆို့ ထား
အရူးအမူး နှလုံးသားက
ဟား…ထွက်ပေါက်မရှိဘူး။
( အစိမ်းရောင်တံခါးများ )

စိတ်နဲ့ ကိုယ်နဲ့ အဖတ်တင်ခြင်းကိုစောင့် ရင်း
မိုးလင်းခဲ့ ရတဲ့ 
အစွမ်းအစမဲ့ ကိုယ်လက်အင်္ဂါတွေကို
လရောင်နဲ့ ဖျော်စပ်
အားလုံးကိုမျိုချထားလိုက်မယ်။
ပေါင်းစပ်ခြင်း သင်္ကေတတွေထဲက တရားမျှတမှုတစ်ခုပေးပါ။
လက်ဖ၀ါးထဲက
ချွေးစတွေပေကျံနေတဲ့   ဘ၀ကိုကြည့်ရင်း
ဘယ်လိုပျော်ရွှင်မှုမျိုးကို ကျေးဇူးတင်ရမှာတဲ့ လဲကောင်မလေးရယ်။
ကျန်းမာရဲ့ သောကကင်းရဲ့  ( မင်းကိုမေးကြည့်တဲ့ အခါ )၊
သေချာတာတွေဟာ အနာဂတ်ကိုအိပ်ချင်ယောင်ဆောင်ပြ
ဇောက်ထိုးမိုးမျှော် မှန်သားတွေအရောင်လက်
အဲဒီလို ရိုက်ချက်ပျက်စေတဲ့  တင်းနစ်ကွင်းထဲမှာပဲ
ဘ၀ကို အရိုက်ခံဖူးခဲ့ ပြီ။

ငါ ဘာတွေဆုံးရှုံးမလဲ
မေ့ ပစ်လိုက်ချင်တယ်
( အမှန်ဆိုတာ ခါးသီးလည်း
အမှောင်မှာ ငါတစ်ယောက်တည်း )
ငါ့ အတွက် တံခါးများက
အမြဲတမ်းပိတ်ဆို့ ထား
အရူးအမူးနှလုံးသားက
ဟား….ထွက်ပေါက်မရှိဘူး
( အစိမ်းရောင် တံခါးများ )

ကောင်မလေးရေ…..
ခရီးထွက်လာတဲ့  လေညှင်းနဲ့  ငှက်ကလေးတွေက ငါ့ ထံအလည်လာခဲ့ ကြတယ်၊
မုန်တိုင်းနဲ့  တောမီးငွေ့ တွေ
နှင်းနဲ့ မြူတွေ
အို….
ငါ့ အရေပြားကို ဆွဲခြစ်သွားတဲ့ မိုးစက်တွေ
အားလုံးကို ငါလွမ်းနေရပြီ
အချစ်စစ်စစ်ကိုငါလွမ်းနေရပြီ
ငါ့ မှာတော့ 
အစိမ်းရောင်တွေက ခုထိ ပိန်းပိတ်အောင် ဖုန်းကွယ်နေတုန်းပါ
ကောင်မလေးရေ….။

ဆက်နွှယ်ခံစားတေး။  ။ အစိမ်းရောင်တံခါးများ
ရေး၊ ဆို ။  ။ထူးအိမ်သင်
မှတ်ချက်။   ။ ၁၉၉၄ ၀န်းကျင် မြားနတ်မောင်မင်္ဂလာမ၈္ဂဇင်းတွင် ဖေါ်ပြခံခဲ့ ရသည့် တေးခံစားမှုအား
ပြန်လည် ဆန်းသစ်ထာခြင်းဖြစ်ပါသည်။

လေပြေသုန်

No comments:

Post a Comment