Thursday, October 4, 2012

ဖတ်ဖြစ်ရင်မြတ်ပြီ


by Lay Pyay Thone on Thursday, October 4, 2012 at 10:13pm ·

ဗုဒ္ဒဘာသာဟာ သွေးမြေကျစေတဲ့ ဘာသာမဟုတ်

လူသတ်ဝါဒဆိုရင်
ဗမာပဲဖြစ်ဖြစ်  ရခိုင်ပဲဖြစ်ဖြစ်
ကုလားပဲဖြစ်ဖြစ်  တရုပ်ပဲဖြစ်ဖြစ်
ဘယ်လောက်ကောင်းပါတယ်ဆိုတဲ့  ဘာသာတရားပဲဖြစ်ဖြစ်
ဆန့် ကျင်တယ် ရှု့ံချတယ်။
ရန်ကိုရန်ချင်း တုံ့ နှင်းတိုင်းသာ  အောင်ပွဲခံကြစတမ်းဆိုရင်
အရှေ့ အလယ်ပိုင်းမှာ ယမ်းငွေ့ တွေ ပြောက်နေတာကြာပေါ့ 
ဆိုမာလီယာမှာ   နှင်းတွေ ဝေနေမှာပေါ့ 
အဇာဘိုင်ဂျန်မှာ  မိုးတွေရွာနေမှာပေါ့ 
ဆီးရီးယားမှာတေးတွေသီနေမှာပေါ့ 

နားကိုက်ရင်  ပါးကိုက်တတ်တာ
လူသားဝါဒမဟုတ်
 ဗမာကလည်းရှမ်းကိုချစ်  ရှမ်းကလည်းကချင်ကိုချစ်
ကချင်ကလည်းဗမာကိုချစ် ဗမာကလည်းရခိုင်ကိုချစ်
ရခိုင်ကလည်းချင်းကိုချစ် ချင်းကလည်းကရင်ကိုချစ်
ချစ်…ချစ်…ချစ်…ချစ်
အဲ့ ဒါတကယ်ဖြစ်
တကယ်ဖြစ်ချင် တကယ်ချစ်ရမှာပေါ့ 
တကယ်မဖြစ်ချင်ရင် တကယ်မချစ်နဲ့ ပေါ့ 

သောက်ကျင့် တွေ မပြင်သမျှ
မြင်ရစေမယ် ငြိမ်းချမ်းရေး
ပေါ်ပြူလစ်ဇင်က
အာဏာရှင်ထက်ကြောက်ဖို့ ကောင်းတာ
ပေါ်လွင်ပါတယ်နော် မြင်လား
လေနဲ့  တရားတွေဟောပါတယ်
လေနဲ့ မိန့် ခွန်းတွေခြွေပါတယ်…
လေအားလျှပ်စစ်မီး
လေအားမျိုးချစ်စိတ်
လေအားငြိမ်းချမ်းရေး
လေအား ဆင်းရဲမွဲတေမှုပပြောက်ရေး
လေအား ခွင့် တူညီမျှရေး
လေအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
အင်း…လေကုန်သွားပြီ…
ရောင်းထားတဲ့ အထဲက ဆယ်ရာခိုင်နှုန်းပြန်ဝယ်
မလောက်ရင်အလှည့်ကျပေး
လုံးဝမရရင် ပေးကိုမပေးနဲ့ ကွာ

ဒါပြုပြင်ပြောင်းလဲရေးပါပဲ
ဒါအမျိုးသားရင်ကြားစေ့ ရေးပါပဲ
ဒါသင်ပုန်းကြီးချေရေးပါပဲ။

လေပြေသုန်
၁၃ ဇွန် ၂၀၁၂
( အဟောင်းလေးပါ…တိုက်ဆိုင်နေတာတွေရှိလို့ ပါ…)

No comments:

Post a Comment