Thursday, October 25, 2012



ကျနော်နဲ့ အမှားများ

ခက်တာက…ကျနော့် မှာ အမှတ်သည်းခြေမရှိဘူး
ခက်တာက…ကျနော့် မှာ အ၀ိဇ္ဖာနည်းနည်းများတယ်….
နိုးတစ်ဝက်အိပ်မက်မှာ…အဓိပယ်ကလည်းရှိချင်သေးတယ်…

သူများအပြစ်ကိုများများမြင်တတ်ပြီး
ကိုယ့် အပြစ်ကျ အမှောင်ချထားတတ်တယ်…
ဆန့် ကျင်ဘက်လိင်ကို…အရမ်းလည်းချစ်တတ်သလို…
ခဏနဲ့ လည်းမေ့ ခဲ့ ဖူးတယ်…

အလုပ်လုပ်ချင်ယောင်ဆောင်တတ်ပြီး
အလုပ်မရှိရင်လည်းမနေတတ်ဘူး…
တစ်ရပ်တစ်နေရာကို…အကြာကြီးခံစားခဲ့ သလို
တစ်နေရာတည်းမှာလည်း…ကြာကြာမနေခဲ့ ရဘူး…

အရက်ဆိုင်တစ်ဆိုင်ကို ကြာကြာမသောက်တတ်သလို…
ရည်းစားတစ်ယောက်ကိုလည်း  ကြာကြာမတွဲခဲ့ ဖူးဘူး
မှန်နန်းရာဇ၀င်ကို…မလေးစားခဲ့ သလို
မိသားစုရာဇ၀င်ကိုလည်း…အလေးမထားခဲ့ ဘူး…

ရူးတယ်ပဲဆိုဆို…
ကျနော်ကိုယ်ကျနော်ချစ်ပြီး…
ကျနော့်  အတ္တကိုပဲကိုးကွယ်ခဲ့ တယ်….

ကျနော်မှားသလားအမေ
ကျနော်လာခဲ့ တာ
အ၀ိဖ္ဖာနဲ့ တဏှာမြစ်ဖျား
ကျနော်သွားနေတာ………
အနုမာန ပင်လယ်…..
ကျယ်ချင်သလောက်ကျယ်စမ်းပါစေ….
ကျနော်…စီးနေဆင်းနေရဦးမှာပဲ…………………………။

လေပြေသုန်
၂၆ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment