Monday, October 1, 2012

မုံရွာက ဖတ်ဖို့ ကဗျာ

by Lay Pyay Thone on Wednesday, September 12, 2012 at 11:43am ·
မတရားမှုဆိုတာ ဆက်ရှိနေပြီး
ရေမှုတ်တစ်ဖက် မီးစတစ်ဖက် အာဏာရှင်က
ပြောင်လိမ် ပြောင်စား  ၀ါဒနဲ့ 
ကောင်းမွန်သောအုပ်ချုပ်ရေး သန့် ရှင်းသောအစိုးရဆိုတာ ဒါပဲလေ…။
မုံရွာရေ…
အသဲမနာနဲ့ 
ဒီပွဲဟာ  အဆင်မလှပေမယ့် 
ခင်ဗျားတို့ နိုင်တယ်မုံရွာ
မိန်းမတစ်ယောက်ရဲ့  ထဘီစလောက်မှ မလှတဲ့  အာဏာရှင်က
ကမ္ဘာတစ်ခွင်မှာ  စာတင်ထားရမယ့် ဖိနှိပ်မှုတွေနဲ့ 
တစ်ရွာဝင်တစ်ရွာထွက်ပြီး  ဖိဦး နှပ်ဦးမှာမို့ 
မတရားခံရတာ
ဓါးသာပြင်ကြတော့ မုံရွာ။
မုံရွာရေ
ခင်ဗျားဘက်မှာ အမှန်တရားရှိတယ်
တစ်ပြေလုံးက  ရဲဘော်ရဲဘက်တွေရှိတယ်
ကုန်းဘောင်နေလရဲ့ 
ဘုန်းရောင်ရွှေမြတွေရှိတယ်
လက်ပန်းတောင်းတောင်အရေးမှာ
ခင်ဗျားသိပ်ကြွပြီး  သိပ်လှတယ်မုံရွာ။      ။
လေပြေသုန်                                ၁၂ စက်တင်ဘာ ၂၀၁၂
 

No comments:

Post a Comment