Wednesday, October 31, 2012

ကျနော် ဘာဆက်လုပ်ရမှာလဲ အမေ....

by Lay Pyay Thone on Wednesday, October 31, 2012 at 4:24pm ·

ခက်ခက်ခဲခဲနဲ့ လူဖြစ်ကြတဲ့ သူတွေထဲမှာ ကျနော်ပါတယ်
အနှစ်လေးဆယ်ကျော်မှာ...
ကျနော်ရတာ လက်နှစ်ဖက်မပြည့်ခဲ့ ပါဘူး
ကျနော်ပေးလိုက်ရတာ...ရင်တစ်ခုလုံးပါအမေ
မွေးကတည်းက ဆာလောင်တတ်တဲ့ အကျင့် က
အချိန်တိုင်း ဆာလာခဲ့ တာ
ကျနော် သံသရာကို ပန်းပေးလိုက်ပါတယ်။

ခေတ်ဆိုးကြီးကိုဖြတ်ခဲ့ ရပါတယ်ဆိုလို့ 
ရောမမြို့ ကြီးက အော်ရီတယ်အမေ
ကျနော်ဆိုခဲ့ တဲ့ သီချင်းကို
ကျနော်မှတ်မိနေသရွေ့ 
ကျနော်နေကောင်းနေပါသေးတယ်

ကျနော့် ကျောပေါ်မှာ
မိုးခေါင်ရေရှားမြို့ လေးရယ်...
မိသားစုနှစ်ယောက်သာရှိတဲ့ အိမ်ကလေးရယ်...
ငယ်သူငယ်ချင်း တစ်ယောက်နှစ်ယောက်ရယ်...
ဒုက္ခတွေ ပေကျံနေတဲ့  ကျောင်းလွယ်အိပ်လေးရယ်...
မသုံးဘဲနဲ့  သိမ်းထားခဲ့ တဲ့   ဆယ်ပြားစေ့ လေးရယ်...
အကြွေစောခဲ့ တဲ့  ခရေပွင့် ခြောက်လေးရယ်...။

ထွားချင်တိုင်းထွားနေတဲ့ 
ကျနော့်  အကုသိုလ်တွေက
နေ့ နေ့ ညည ဖူးပွင့် နေလိုက်ကြတာ
ကျနော် လက်နက်မဲ့ ရင်ဆိုင်ခဲ့ ပါတယ်အမေ။

ရှောင်ထားတာက မရိုးသားမှု
ဆောင်ထားတာက အိပ်မက်တစ်ခု
ဘာဆုမှမရလည်း
ကျနော်အလံမလှဲခဲ့ ဘူးအမေ။   ။

လေပြေသုန်
၃၁ အောက်တိုဘာ ၂၀၁၂
 

No comments:

Post a Comment