Monday, October 15, 2012

ခြေတော်အစုံကိုဦးခိုက်လိုက်ပါတယ်ဘုရား

 

 

by Lay Pyay Thone on Tuesday, October 16, 2012 at 4:07am ·
ဒီနေက ဘယ်လောက်ပူမှာလဲ...

တစ်မျိုးသားလုံး ပူနေတဲ့ အပူထက်
တစ်ဘာသာလုံး ပူနေတဲ့ အပူထက်
ဘယ်နေက ပိုပူမှာတဲ့ လဲ...............

ရွှေဝါရောင်တွေ...တောက်ပတဲ့ 
ဒီလမ်းတွေအထက်မှာ...
မေတ္တာတရားတွေ...အန်ထုတ်ခဲ့ ပြီးပြီ။

ဒီလမ်းပေါ်မှာ....
ခွပ်ဒေါင်းတွေနဲ့ အတူတူ
သူငယ်ချင်းတွေနဲ့ အတူတူ
အရှင်ဘုရားတို့ နဲ့ အတူတူ...
အနီရောင်တွေနဲ့  အတူတူ
အပြာရောင်တွေနဲ့  အတူတူ
အ၀ါရောင်တွေနဲ့  အတူတူ...
လမ်းလျှောက်ခဲ့ တယ်။

တပည့်တော်...
အရှင်ဘုရားတို့ နောက်က
ထပ်ချပ်မကွာ...
တံလျပ်တွေ  အခိုးတလူလူနဲ့ 
အတူတူ လျောက်ခဲ့ ပါတယ်...

တန်ပါတယ်ဘုရား...
မေတ္တာနဲ့ အောင်နိုင်ရာဆိုတာ...
လာမယ့် ဘေး  ပြေးတွေ့ တဲ့ ဘာသာ
ကမ္ဘာကုန်ကြယ်သရွေ့ 
သာသနာဂုဏ် ထယ်သရွေ့ ပေါ့ ...

လေပြေသုန်
၁၆ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment