Wednesday, October 3, 2012

စားလိုက်သောက်လိုက်

by Lay Pyay Thone on Thursday, October 4, 2012 at 11:31am ·
ဒီစားကျက်မှာ စားတော်ခေါ်နေလို့ 
စားဖားတွေ စားခွက်လုတဲ့ အဖြစ်မျိုး
စားနေကျကြောင်ဖါးတစ်ကောင်
စားပေါက်ပိတ်သွားတဲ့ နေ့ က
စားမာန်ခုပ်ပြီး စားမာန်ထ နေတာလေ...
စားအိမ်သောက်အိမ်မှာ
စားလမ်းပွင့် ပါပြီ ဖြစ်ကြောင်း။

သိုက်သိုက်ဝန်းဝန်း သိုက်တူးခဲ့ ကြပြီး
သောက်သောက်လဲ သောက်ကြစားကြတော့ 
သောက်ထုတ်တွေက သောက်ရှုပ်တွေဖြစ်ပြီး
စားလိုက်သောက်လိုက်
ပါးလိုက် ပေါက်လိုက်နဲ့ 
အကုသိုလ်တွေက ပေါက်ပေါက်ဆုပ်လိုဖြစ်ပြီး
အကျ အပေါက်များခဲ့ တဲ့  ဒီဝါကျတွေဟာ
အရာရာ လောဘဇောတက်ပြီး
စားပြီးရင်းစား သောက်ပြီးရင်းသောက်နဲ့ 
သောက်လုပ်တွေကိုရှုပ်လို့ ။

သက်ဦးဆံပိုင်တဲ့ 
သက်စောင့် ဆေးကနေ
သက်ပျောက်ဆေးအထိ
သက်သောင့် သက်သာ ရှိရှိ
စားလိုက်သောက်လိုက်
လိုက်စားလိုက်  လိုက်သောက်လိုက်နဲ့ 
အလုပ်တွေရှုပ်  အသုတ်တွေသုတ်ရင်း
တွင်းနက်နက်တူးနေကြတာ...။

လေပြေသုန်
၎ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment