Tuesday, October 9, 2012

အဖန်တစ်ရာနွမ်းမယ့် ...သံသရာအလွမ်းရဲ့ ရဲ့ တွေပါခင်


မိုးကုန်လို့ ဆောင်းကူးတော့ မယ်ခင်
ဒီ တောင်စွယ် တောတန်းတစ်လျောက်မှာ
ကို ကောက်ခဲ့ တဲ့ ခရေတွေ
ခင်ခြေပစ်ခဲ့ တာ...
ဒါနဲ့ ဆို...နှစ်မိုးကုန်ခဲ့ ပြီလေ...

ခင့် ရင်မှာ...တကယ်နာလိမ့် 
ခွင့် မသာ  တစ်ခါရှင်းမပြနိုင်တော့ 
သခင့် ခမျာ  အနာရင့် လေရော့ 
ဝေဒနာရင်မှာအပြည့်နဲ့ ပဲ
ခွဲခဲ့ ရပြီခင်ရေ....

ကို့ ရင်မှာ...
တောင်ကျချောင်းလို အလွမ်းတွေနဲ့ 
ကမ်းမမြင် လမ်းမမြင်
ပန်းသခင်ရှိရာအရပ်ကို
လှမ်းမြင်ကြည့်ရင်း ဆွေးလှပါပြီ ခင်ရယ်...။

လေပြေသုန်
၈ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment