Sunday, October 28, 2012

ချဉ်ပတ်များနှင့်  ကခုန်ခြင်း

by Lay Pyay Thone on Sunday, October 28, 2012 at 5:38pm ·

နေ၀င်းခေတ်လည်း နေ၀င်းခေတ်မို့ 
ကျုပ်တို့ မှာ မှောင်အတိ
ပညာရေးစနစ်၊ စီးပွါးရေးစနစ်   စနစ်အားလုံး
အမှောင်ဆုံးဖြစ်ခဲ့ တယ်...
တစ်ခေတ်လုံး
ရိုးတိုးယိုင်တိုင်နဲ့ ပဲ
မအီမလည်နဲ့ ပဲ
သရိုးသရီနဲ့ ပဲ
တိုးတိုးတိုက်တိုက်နဲ့ ပဲ...။

အာဏာရှင်ဆိုတာ အိုးသာပြောင်းသွားတယ်...
ဒီချဉ်ပတ်က  ဒီချဉ်ပတ်ပဲ...
အဲဒီချဉ်ပတ်အိုးထဲက
ဒီမိုကရေစီ ထွက်ကျလာမှာတဲ့ လား....
ဒါ...ပလိပ်အထင်ပါ ဦးဘချစ်ရာ...။

အရှေ့ ကနေ၀င်းထွက်သည့် ပမာ တဲ့ 
ခေတ်တစ်ခုလုံးကတော့ ခုထိမှောင်တုန်း
မယုံရင်
ကချင်ဒေသကိုသွား......
လက်ပံတောင်းတောင်ကိုသွား....
ရခိုင်ကိုသွား......
ဖျားသွားမယ်။   ။

လေပြေသုန်
၂၈ အောက်တိုဘာ ၂၀၁၂


No comments:

Post a Comment