Monday, October 1, 2012

အသဲနာပေမယ့်  အဆဲမပါပဲရေးလိုက်တယ်

 
 
by Lay Pyay Thone on Thursday, September 13, 2012 at 11:48pm ·

သူ့ ကို ဆရာမင်းသုဝဏ်လည်းချစ်တယ်
ဆရာတင်မိုးလည်းချစ်တယ်
ဆရာမောင်စွမ်းရည်လည်းချစ်တယ်
အကုန်ချစ်တယ်   ပုံချစ်တယ်…
သူ့ သမိုင်းကနုမလိုလိုနဲ့ ထန်တယ်
ပျော့ မလိုလိုနဲ့  သန်တယ်
သူက သူ့ ဘ၀ သူ့ အလှကို
နုမရ ပျော့ မရတော့ 
ဘုကျကျမော့ ထားတဲ့ ခေါင်းက  အနှစ် နှစ်ဆယ်လုံးလုံး
ဘုန်းမီးနေလတွေကို  ထိပ်တိုက်တွေ့ 
မညွှတ်တာဆိုလို့  ဒူးပဲရှိခဲ့ 
အဲ့ ဒါ  အောင်ဆန်းစုကြည်

၉၀ ရွေးကောက်ပွဲမတိုင်မီ
ဧရာဝတီ ခရီးစဉ်မှာ သေကြောင်းကြံစည်ကြ
ဒီပဲယင်းမှာ…အသေသတ် အပြုတ်တိုက်ခံရ
ညာဘက်လက်မောင်းမှာ …ဒီပဲယင်းဒဏ်ရာရှိတယ်။
ခေါ်ကြတာက
ကုလားမယားတဲ့ 
မျိုးဖျက်မတဲ့ 
အမှိုက်မတဲ့ 
စုကြည်တဲ့ 
ရွဲ့ ခေါ်တာက
ဦးဖာ နာမည်ကျန်နေလို့ 
အောင်ဆန်းစုကြည်ဖာ တဲ့ 
အနှစ်နှစ်ဆယ်ကျော်မှာ
အစော်ကားခံခဲ့ ရတာ…
ဒါပေမယ့် 
ဒေါ်စုက ဒေါ်စုဖြစ်နေတာမို့ 
ကျော်မှုတွေ အထွေထွေနဲ့ 
ဗေဒါက ပန်းပန်ဆဲပါ။
ခုလည်းကြည့်
မထိခလုတ်ထိခလုတ်နဲ့ 
အသိနုတ်လှတဲ့  ငပွေးတွေက
ရွေးပြီးတိုက်ခိုက်နေကြ
ထဘီစလောက်မှ အဖိုးမထိုက်ကောင်တွေက
ဆိုးလိုက်ကြပုံများ
စော်ကားပြီးရင်းစော်ကား
သြော်သွားလေသူ ရဲဘော်အပေါင်းတို့ 
မသိရမကြားရ
ငါတို့ ကမျက်ကန်းတွေတဲ့ 
ငါတို့ က ပုဂ္ဂိုလ်ရေး ရှေ့ တန်းတင်သူတွေတဲ့ 
တံဆိပ်တွေ အမျိုးမျိုးကပ်
ငါတို့ နဲ့ ငါတို့ ခေါင်းဆောင်တွေကို  တန်ဖိုးဖြတ်နေကြပြီ။
နီတယ်မောင်
ယောင်လို့ တောင်  ကိုယ်ထင်မပြကြနဲ့ 
ဘိုကင်မရဘဲ  အသက်ပြောက်ရစေမယ်။       ။

လေပြေသုန်
၁၃  စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment