Saturday, October 13, 2012

မဒမ်လေပြေသုန်


by Lay Pyay Thone on Thursday, October 11, 2012 at 12:52am ·
သူက သဘောကောင်းတယ်...
အမြည်းတွေလည်း ဖွယ်ဖွယ်ယာယာလုပ်တတ်တယ်...
စကားနည်းပြီး...အအိပ်အနေလည်းမကြီးဘူး

ကျနော်က အရမ်းအလိုလိုက်သလို
သူက ကျနော့် ကို အရမ်းချစ်တယ်...

သူ့ ကိုယ်က ဘာနံ့ ပဲထွက်ထွက်
ကျနော့် အတွက်တော့ ...အမြဲမွှေးတယ်
သူ့ မျက်စောင်းတွေက
ကျနော့် အတွက်တော့ ...ကြယ်ကြွေသလိုပါပဲ...

မနက်စာကနေ...ညနေအထိ
ကျနော့် ကို  ငြိစေရဲ့ ...
မင်းငါ့ အနားက ဘယ်မှမသွားနဲ့ တော့...
ငါလည်း မင်းကိုခွဲမသွားတော့ ဘူး....

ဒီလိုနဲ့ 
ဇတ်ပေါင်းလိုက်တာ...
ကမ္ဘာပေါ်မှာ...ကျနော်လောက်ရူးတဲ့ သူမရှိနိုင်သလို...
ကျနော်မဒမ်လောက်  အတာလည်းရှိမယ်မထင်ဘူး........။

( ညတုန်းက အိပ်မက်ကို ရေးဖွဲ့ ပါတယ်...)

လေပြေသုန်
၁၁ အောက်တိုဘာ ၂၀၁၂
 

No comments:

Post a Comment