Friday, October 26, 2012

ရက္ခပူရ...ငြိမ်းချိန်တန်ပြီ

by Lay Pyay Thone on Friday, October 26, 2012 at 6:27pm ·
ယေဓမ္မာဟေတုဗ္ဖဘ၀ါ...ကစ
ထေရ၀ါဒ...နိုးထခဲ့ တဲ့ မြေ...
ဘုရားငွေ့  တရားငွေ့ တွေနဲ့ 
မွေ့ ခဲ့  ပျော်ခဲ့ တဲ့  မြေ...
ကိုယ့် ရေ ကိုယ့် မြေ
ကိုယ့် ချောင်း ကိုယ့်လယ်နဲ့ 
ကြွယ်ဝတဲ့ မြေ...
ကိုယ့် စာ ကိုယ့် ဘာသာနဲ့ 
ကိုယ့် သာသနာနဲ့ နေခဲ့ တဲ့ မြေ...

ကိုယ့် မျိုး ကိုယ့် ဆွေ
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ 
အတူမခွဲ လက်တွဲခဲ့ တဲ့ မြေ...
အမျိုးနာရင် အရိုးပါထိတဲ့ မြေ...။

ဒီမြေဟာ
ပုထိုးကျောင်းကန်နဲ့ 
အဆိုးအကောင်းထန်ခဲ့ ရတဲ့ မြေ...
ကဆုန်စိုင်းလာမယ့် 
မုန်တိုင်းသာတဲ့ မြေ...
ခုထဆို  ခုကြွလိုက်မယ်
အလှဆုံးစိတ်ဓါတ်ကို...မြွေပွေးနဲ့ အနှိုင်းခံခဲ့ ရတဲ့ မြေ...

ဒီအလှတွေ...ဒီဘ၀တွေပြဋ္ဌာန်းခဲ့ တာ...ဒီမြေ
ဒီအခြေ ...ဒီအနေကိုငါတို့ ပဲပြဋ္ဌာန်းခဲ့ တာ...ဒီမြေ
ဒီဘာသာ...ဒီသာသနာနဲ့ ပနံတင့် ခဲ့ တာ...ဒီမြေ...

ဒီမြေငြိမ်းချမ်းပါတော့ ...ဒီမြေငြိမ်းချမ်းပါတော့ ...
ဒီမြေငြိမ်းချမ်းပါတော့ ...ဒီမြေငြိမ်းချမ်းပါတော့ ...
ဒီမြေငြိမ်းချမ်းပါတော့ ...ဒီမြေငြိမ်းချမ်းပါတော့ ...
ဒီမြေငြိမ်းချမ်းပါတော့ ...ဒီမြေငြိမ်းချမ်းပါတော့ ...။           ။

( ကျနော့်  ဖေ့ ဘုတ်မှာမထင်မှတ်ဘဲအများအပြားရှိနေကြတဲ့  ရခိုင်သူငယ်ချင်းများအတွက်....)

လေပြေသုန်
၂၆ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment