Sunday, October 7, 2012

ယမ်းနံ့ ကင်းရင်၊ သေနပ်သံတွေဆိတ်သုဉ်းရင်...ငြိမ်းချမ်းပြီလား

by Lay Pyay Thone on Sunday, October 7, 2012 at 11:14am ·
ယမ်းနံ့ တွေက ဘာလို့ အူနေတာလဲ
သေနပ်သံတွေက ဘာလို့ စီစီညံနေတာလဲ
ကလေးတွေ ဘာလို့ ပြေး ပုန်းနေရတာလဲ
အတိဆင်းရဲတွေ ဘာလို့ အငွေ့ တလူလူထွက်နေရတာလဲ
လူသားဝါဒ ဘာလို့ ဆိတ်သုဉ်းနေရတာလဲ

ခင်ဗျားငြိမ်းချမ်းရေးအကျိုးဆောင်ဆို...
ခင်ဗျားရင်ထဲမှာရော...ငြိမ်းချမ်းရေးအမှန်ကိုသိပြီး
ခင်ဗျားကိုယ်တိုင်ရော   ငြိမ်းချမ်းရဲ့ လား
ခင်ဗျားအနီးအနားမှာ  မငြိမ်းချမ်းခြင်းရဲ့ ဇစ်မြစ်ကို ရှာတွေ့ ပြီလား...
ဂန္ဒီကြီးကအစ...မာသာထရီဇာအဆုံး
ထွန်းခဲ့ ကြတဲ့  ငြိမ်းချမ်းရေးအလင်းတိုင်တွေ...
လမ်းမဆုံးခင် ဘာလို့  ငြိမ်းငြိမ်းသွားရတာလဲ
ကျောက်လက်နက်ကအစ...နူးကလီးယားတွေအထိ
လူသတ်လက်နက်တွေ ပေါတယ်...
စစ်ပွဲဖြစ်ဖို့ လွယ်တယ်
စစ်ပွဲရပ်ဖို့ ခက်တယ်
ခင်ဗျားစဉ်းစားကြည့်လေ
လက်နက်ရှိတော့  လက်နက်နဲ့ 
လက်နက်မရှိတော့   လက်နဲ့  ဖြေရှင်းကြတဲ့  ရန်ပွဲတွေ...
ကမ္ဘာပေါ်မှာ နေ့ တိုင်းခင်းကျင်းနေကြတယ်...

စစ်ပွဲတွေရပ်သွားရုံနဲ့ 
လက်နက်တွေ ပျောက်သွားရုံနဲ့ 
ငြိမ်းချမ်းရေးပန်းတွေပွင့် ပြီး
သာယာဝပြောရေးပဒေသာပင်တွေပေါက်လာမှာတဲ့ လား။

( ၂၀၀၀ပြည့်နှစ်က ကုလသမဂ္ဂမှာ ထောင်စုနှစ်ကမ္ဘာ့ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ညီလာခံကြီးမှာ
   ဗုဒ္ဒဘာသာခေါင်းဆောင် ဆရာကြီးဦးဂိုအင်ဂါက...ကမ္ဘာ့ ငြိမ်းချမ်းရေးကိုအဖြေရှာကြမယ့်  ဘာ
   သာ အသီးသီးကခေါင်းဆောင်များကို ကျနော်တစ်ခုလောက်မေးပါရစေ၊ အသင်တို့ ရဲ့  ရင်ထဲ
   မှာ မည်မျှငြိမ်းချမ်းပြီးပါပြီလဲခင်ဗျာ ...လို့ ထည့်သွင်းမေးမြန်းခဲ့ ပါတယ်။ တစ်ဦးကို ၁၅ မိနစ်သာ
   မိန့် ကြားခွင့် ပြုခဲ့ ပေမယ့်  ဆရာကြီးရဲ့ မိန့် ခွန်းက နာရီဝက်ခန့် ကြာပါတယ်၊ မည်သူမှထပြီး မကန့် 
   ကွက်ခဲ့ ကြပဲ ငြိမ်သက်စွာနားထောင်ခဲ့ ပါတယ်။ ကျနော်တို့ ရဲ့ ဗုဒ္ဒ ကတော့  တစ်ဦးချင်းစီရဲ့ ငြိမ်းချမ်း
   ရေး ကိုဦးစားပေးဟောပါတယ်၊ တစ်ဦးချင်းအမှန်ငြိမ်းချမ်းရင် ပတ်ဝန်းကျင်တစ်ခုလုံးအတွက်တော့ 
   ပြောစရာလိုတော့ မည်မထင်ပါ။ )

   လေပြေသုန်
   ၇ အောက်တိုဘာ ၂၀၁၂

No comments:

Post a Comment