Wednesday, September 26, 2012

ရှည်လျားထွေပြား မနေမနားသွားရမယ့်  သံသရာ


ဒီအပြောတွေ ဒီအသောတွေနဲ့  ဒီတောကိုဖြတ်လာခဲ့ တာ ကြာပြီ ဖြစ်တဲ့ အတွက် နေထွက်ကနေ၀င် ငွေရွှင်ချင်တာထွန့် ထွန့် လူးနေတဲ့ 
အဖြစ်က နတ်စင်မှာ လာတ်ရွှင်အောင်လုပ်ပေးနေတဲ့  အခြောက်မရှေ့ မှာ ဒူးလေးထောက်ပြီးအရူးလေးမှောက်လျက်လဲခဲ့ ရ တယ်
သမီးပေးသမက်ရ ခွက်ပြောက်မှ လက်မြှောက်ပြတဲ့ သမိုင်းမှာ ဆိုင်းဆရာပတ်စာပြောက်တော့  ဇတ်ဆရာရူးနောက်နောက်ဖြစ်ရ
ဓါတ်စာတွေက အရက် ဘီယာ တီတီတာတာမလေး ဆီမပါပျားမပါညတွေမို့  ကျနော်တို့ က ကျနော်တို့ ကိုယ်တိုင်ပြောက်နေကြရတယ်
ခေတ်ပြောင်းလို့ အချစ်ဟောင်းကိုပဲထားခဲ့ ရမလိုလိုအချိုး အမျိုးမျိုးပြောင်းလဲခဲ့ တာသဘာဝကျတယ်ဆိုပြီး ပြန်နှစ်သိမ့် ရ ဖြေရ
ဒါ ခေတ်ကပြဋ္ဌာန်းတာလား လူကတင်ပို့ တာလား ကျားကျားမီးယပ်ပါလို့ ဆင်ခြေပေးရအောင်လည်း အားလုံးကလူလည် ပူကယ်တွေချည်း
နီးရာဓါးလည်းကြောက်ရ ငုံ့ ခံပြီး တုံ့ ပြန်ချင်ကြပါတယ် စောစောကမပြောဘူးလား ဆူးလား ဒူးလားမသိတဲ့ မိဖုရားငယ်လေးလို ဟို ဟို ဟို
ဟိုဒင်းကို ဟိုဟာမှတ်လို့ ပါတဲ့   မရဘူး မရဘူး အလှထူးပါတဲ့   မြမြဖူးရယ်နဲ့ ခိုင်ရျွှေဝါ ခိုင်ရွှေဝါ  ထိုင်နေတာကောင်းသား ထလိုက်တော့ မှ
ခြေကျိုး ပေါင်ပြတ် အရပ်ရပ်နေပြည်တော် ကြားလို့ မှမတော်  ပေါ်နေတဲ့ ဟာက အပြွတ်လိုက်အခိုင်လိုက် ဒုက္ခသီးတွေ သောကသီးတွေ
တလောက ကြားလိုက်သေးတယ် လူကခွေးကိုကိုက်တယ်တဲ့  ဟုတ်မှာပါလေ တကယ်ဖြစ်မှာပါလေ သတင်းထောက်တွေရွှေရောင်တောက်တဲ့
ခေတ်ကြီးမို့  သပျစ်သီးလို ချဉ်လိုက် ချိုလိုက် အဖန်ဖန်အတေခံရတဲ့  ငပိ ငချဉ် တွေလို ငါတို့ မှာ သေခါနီးအထိတောင် အထောင်းခံနေရ
ရွှေ့ ပြောင်းတောင်ယာလို ငါတို့ အိပ်မက်တွေ ဟိုမှာဒီမှာ ကြည့်ကြစမ်းပါဦးရယ်လို့  တို့ ဘ၀အထွေထွေ အမယ်ဘုတ်ကယ်နဲ့ သူ့ ချည်ငင်
ထန်းရေမူးလို့ ကျွဲခိုးပေါ် သူ့ ခမျာငိုမဲ့ ငိုမဲ့  ဆိုခဲ့ တဲ့ သီချင်းတွေကလည်း အဆီမ၀င်း ဒီဘ၀ ဒီမျှသာပါလို့  ဖဲမွေ့ ယာမှာလညိး အသဲမတွေ့ တာကြာခဲ့ ပါပြီလေလို့   မီးရောင်အောက်ကိုဝင် လူပျက်တွေနဲ့ တွဲတော့  တွဲတော့  တွဲတော့  ကျမဓါတ်ပုံကိုကြည့်စရာမလို
ထမင်းအိုးဖင်ကိုကြည့်ပါအစ်ကို အစ်ကို အစ်ကို အစ်ကို အစ်ကို အစ်ကို အစ်ကို လက်ရေတစ်ပြင်တည်း နှီးဒေါင်းလန်းကြီးအလယ်မှာတော့
ငါတို့ ရဲ့ ရပ်ချစ်ရွာချစ် ဇာတိချစ်စိတ်တွေက ရန်ကုန်သားနဲ့  မန္တလေးသူဆိုပြီး ရပ်ခွဲ ရွာခွဲ ဒါနဲ့ မပြီး ကြံကြံဖန်ဖန်ရန်ကုန်သူရယ်  ကံရေသောက် မြက်ခြောက်စား  ကြီးတော်နွား အငှားကျောင်းခဲ့ ကြတာမဟုတ်လား...ဘူးသီးမှ  အရီးတော်  ကျော်တော့ လှေသူကြီး
ငြားတော့  အညာသား  ခွဲခြားခွဲခြားနဲ့  အမဲသားတုံး သဲထဲကျသလို  အဆီနဲ့ တစ်ဝင်းဝင်း  သဲနဲ့ တစ်ရှပ်ရှပ် အမျိုးသားရေးတွေက
မွေးရဖွားရခက်တဲ့  ညှပ်ရိုးကျဉ်းတဲ့ မိန်းမလို  ခေါင်းလောင်းသံတညံညံပေးခဲ့ ပေမယ့်   ဘယ်သူတွေကသောက်ဂရုစိုက်ခဲ့ လို့ လဲ။     ။

 

No comments:

Post a Comment