Wednesday, September 26, 2012

ကကြီးက လပ်နေပြီး အ နှစ်ချောင်းမြင် အူတဲ့ ည


တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ 
စိုင်းချင်တိုင်းစိုင်းနေတဲ့  အရိုင်းညကိုငါရောက်သွားတော့ 
အနုပညာဆိုလို့  ဘာမှမရှိတဲ့ နေရာ
ဒါပေမဲ့  အနုပညာကိုအသုံးချထားတယ်
ခက်တယ်ဗျာ…
ဒီခေတ်က  မူပိုင်ခွင့် မရှိ
တာဝန်ယူမှုမရှိ
တန်ဘိုးမရှိဖြစ်သွားခဲ့ ပြီ။

ကျနော်ခံစားကြည့်မိပါတယ်
အနုပညာဟာ ရာဂနဲ့ အရောအနှောခံလိုက်ရပြီ
ဒီအသိက ဖြူစင်မှုတွေကို အရောင်အဆိုးခံလိုက်ရတာပဲ
လိင်အသိနိမ့် ကျမှုပဲ
လွဲတယ်ဗျာ
အရာရာကို အနုပညာလို့ ခေါင်းစဉ်တပ်ခဲ့ တဲ့ 
ဆရာ့  ဆရာတွေကိုပဲ အပြစ်ပြောရမလား
ငါးပွက်ရာ ငါးစာချနေတဲ့   ဖာခေါင်းတွေကိုပဲ အပြစ်ပြောရမလား
အဲဒီ ဖာခေါင်းတွေကို  ကင်းလွတ်ခွင့် ပေးထားတဲ့ …
ဖာခေါင်းပထွေးတွေကိုပဲအပြစ်ပြောရမလား
ဒီပြစ်မှုဟာ…
ဘယ်သူ့ မှာတာဝန်ရှိသလဲ…
နောက်ဆုံးတော့  ငါပဲဖြစ်မှာပါ…
ကကြီးက လပ်နေတဲ့    ကလပ် ကိုသွားပြီး
အ နှစ်ချောင်းမြင် အူနေနေတဲ့  အသံတွေကိုနားထောင်မိခဲ့ တာကိုး…။      ။
 

လေပြေသုန်
၁၄ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment