Wednesday, September 26, 2012

အောင်ဆန်း


သူ့ မွေးမြေက ပူတယ်
သူ့ သွေးကဆူတယ်။
သူ့ အတ္တကို  သူချိုး
သူ့ အမျိုးထိတော့ နာတယ်။
သူ့ စိတ်က မြန်တယ်
သူ့ ခေတ်ကထန်တယ်။
သူ့ စကားက ပြတ်တယ်
သူ့ နေထိုင်မှုက မြတ်တယ်။
သူ ဖြတ်တဲ့ သက်တမ်းကတိုတယ်
သူရေးတဲ့ သမိုင်းက ပျိုတယ်။

                                              လေပြေသုန်       ၆ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment