Wednesday, September 26, 2012

သောင်းတိုက်က ကြားပါစေ

 
တွဲလက်တွေဖြုတ်ချင်မှတော့ 
ခွဲထွက်ကြပေါ့ 
ကွဲချက်ကနာသမှ  ခွဲသူက အားရ
တားတော့ တားချင်ပါရဲ့
အကြားထင်သွားတဲ့  ငါတို့ ဆက်ကြောင်းတွေ
အချိန်မီပါသေးတယ်...အချိန်ရှိပါသေးတယ်။

တို့ အတူ မှောင်ခဲ့ ကြပြီးပြီ
တို့ အတူ မလင်းရတော့ ဘူးလား
အသွေးအသားနဲ့ ရင်းပြီး တောင်းဆိုပါတယ်...
ခွဲမထွက်လိုက်ကြပါနဲ့ 
တွဲလက်တွေ ပြန်ဆက်ပြီး
ဒဏ်ချက်တွေကုစားရအောင်လား
တရားအသိနဲ့  အမှားမညိအောင်ဒီကဗျာကိုရေးလိုက်တယ်...

တို့ ရေ တို့ မြေမှာ
ဘာမှမရှားပေမယ့် 
ညီညွတ်မှုတွေရှားတယ်
ချစ်ကြည်ရေးအစစ်တွေရှားတယ်
ယုံကြည်မှုတွေရှားတယ်
အမှန်တရားတွေရှားတယ်...
ရှားတယ် ရှားတယ်  ရှာလို့ မရအောင်ကိုရှားတယ်

ငါတို့ လျာပေါ်မှာ စပါးခင်းတွေရှိတယ်
ငါတို့ ပါးပေါ်မှာ သစ်တောတွေရှိတယ်
ငါတို့ နားမှာ ကျောက်မျက်ရတနာတွေရှိတယ်
ငါတို့ ခါးမှာ ပိုးတွေ ချည်တွေပေါတယ်..
ငါတို့ လက်မှာ ဓါတ်ငွေ့ နဲ့ ရေနံ သဘာဝသယံဇာတတွေရှိတယ်
ဒါပေမဲ့ 
ငါတို့ ကျောပေါ်က စစ်ပွဲဒဏ်ရာတွေကို အမြန်ပျောက်မှ
ခါးလှ ၀မ်းဝရမှာ မဟုတ်လား...
ငါတို့ ခေါင်းပေါ်မှာ ပူနေတဲ့ 
အမျိုးသားရေး  သွေးနွေးရအောင်လား
ခါးကို အသာညွှတ်ပြီး
ဒီကဗျာနဲ့ တောင်းဆိုပါတယ်...။

လေပြေသုန်
၂၄ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment