Wednesday, September 26, 2012

ကျောစိမ့် အောင် လွမ်းရပါတယ်


ဒီမိုးကသဲနေသလို...ဟိုမိုးကလည်းသဲဦးမှာပဲ...
သဲပါသဲပါ သမိုင်းတွင်အောင်သဲလိုက်ပါ...နောင်ကျဉ်သွားအောင်သဲလိုက်ပါ...မှတ်မှတ်ရရဖြစ်သွားအောင်သဲလိုက်ပါ...
နောက်မမျှော်ရဲအောင်သဲလိုက်ပါ...လွမ်းလို့ မဆုံးနိုင်အောင်သဲလိုက်ပါ...

ငါကလေလိုလွင့်ချင်တယ်...ငါကမြစ်လိုစီးချင်တယ်...
ရုပ်ဝတ္ထုတွေနဲ့ ဝေးရာ...တောတွေတောင်တွေလေညှင်းတွေပန်းပွင့် တွေနဲ့  သိင်္ဂါရပတ်ဝန်းကျင်
ဆီးနှင်းတွဲခို မိုးရေစိုမြ တသသနွေဦး
ရူးတယ်အချစ်ရယ်  နေရနိုင်သလောက်သက်တမ်းလေးအတွင်း
မင်းရယ်ငါရယ် ငါ့အိပ်မက်တွေရယ် နယ်စည်းမထားဆွတ်ပျံ့ မှုတွေရယ်...

တောင်မပြိုနဲ့  တော်မလဲနဲ့  မုန်တိုင်းမဖြစ်နဲ့ 
ဟုတ်တယ်မဟုတ်လား အချစ်
ဘယ်ကမ်းခြေနဲ့ မှမတူတဲ့  ဘယ်သန္တာကျောက်တန်းတွေနဲ့ မှမတူတဲ့ 
ငါတို့ နှစ်ယောက်ရဲ့ သဘာဝပတ်ဝန်းကျင်လေ...
ခုတော့ လည်း
မိုးယောင်ဆောင်ထားတဲ့  အလွမ်းတွေက သဲချင်တိုင်းသဲလို့ .....။
 

၃၁ သြဂုတ် ၂၀၁၂

No comments:

Post a Comment