Tuesday, September 25, 2012
ကျွန်းမကြီးဆီသို့ 
၁၉၉၁ ၊ ဆီးနှင်းတွေဝေနေတဲ့ နှစ်ဦးမှာ…မကွေးမြို့ မှာရှိတဲ့ ကျနော်နားခိုရာ ၀ပ်ကျင်းလေးထဲမှာ
ရန်ကုန်ကရေနံချောင်းကိုပြန်လာတဲ့ ကဗျာရေးဖေါ်လည်းဖြစ် ငယ်သူငယ်ချင်းတစ်ဦးလည်းဖြစ်တဲ့ 
သင်းဝေအေင် ( ပန်းချီ သန်းမြင့် အောင် ) တစ်ယောက်မကွေးကိုခဏအ၀င်မှာ၊မကွေးက ကဗျာရေး
ဖေါ်တွေနဲ့ ဆုံတွေ့ ကြပြီး၊ မြစ်တစ်စင်းနဲ့  အလင်းလှိုင်းများ လို့ အမည်တတ်ပြီး ကဗျာရွတ်ပွဲလေးလုပ်ကြတယ်။
မြို့ သစ်ကမောင်မော်ကွန်း၊ သွားလေသူ မောင်နွေထက်( မကွေး )၊ နိုင်သစ်နီ ၊ထက်သစ်၊ ရိုးသက် စတဲ့ 
 မြို့ ခံကဗျာဆရာတွေနဲ့ မကွေးမြေမှာဗွေဆော်ဦးလုပ်ဖြစ်ခဲ့ တဲ့  ကဗျာရွတ်ပွဲပေါ့ ၊
 အဲဒီမှာပဲ နှစ်စဉ် နှစ်ဆန်းတိုင်း မကွေးမှာ ကဗျာရွတ်ပွဲလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။
လယ်က မြေနုကျွန်းကြီးပါ နှစ်စဉ် ရေကျတဲ့ အချိန်တိုင်းပေါ်လာတတ်တဲ့ ကျွန်းကြီးပါ ရေတက်လာရင်တော့ 
ပြောက်သွားတတ်ပါတယ်။ ကျွန်းသီးနှံစိုက်ခင်းတွေ၊ စိုက်ခင်းစောင့်တဲတွေနဲ့ ခဏရွာလေးရှိပါတယ်။
 အဲ့ ဒီကျွှန်းမကြီးကဗျာရွတ်ပွဲကို ၁၉၉၂ ဇန္န၀ါရီလ( ၁၀ ) ရက်နေ့ ကစပြီးကျင်းပခဲ့ တာ ငါးနှစ်ဆက်တိုက်ပါပဲ၊
ပထမအကြိမ်မှာ မင်းဘူး၊ တောင်တွင်းကြီး၊ ရေနံချောင်း က ကဗျာရေးဖေါ်တွေ တက်ရောက်ခဲ့ ကြတယ်။
ဒုတိယအကြိမ်မှာအလယ်ရိုးမက အကိုကြီး မောင်သင်းခိုင်နဲ့  ရန်ကုန်ကိုရောက်နေတဲ့  ကိုနေထက်နိုင်
တို့ တက်ရောက်ခဲ့ တယ်။ နှစ်စဉ်တက်ရောက်ကြတာတော့  ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူးက
ကဗျာဆရာတွေပါ။ ပဉ္စမအကြိမ်မှာတော့  ကျွန်တော်လည်းရန်ကုန်ကိုရောက်နေပါပြီ၊ ရန်ကုန်ရောက်နေတဲ့ 
သင်းဝေအောင်၊ မြတ်နဲ့ ကျွန်တော်တို့  အရောက်သွားခဲ့ ကြတယ်။ဆဋ္ဌမအကြိမ်မှာတော့
ရန်ကုန်ကဆရာမောင်သာနိုးနှင့် ဇနီး၊ မောင်သင်းခိုင်၊ မောင်ညီညွတ်၊ အောင်ဝေး၊ နေဇော်နိုင်၊ နေထက်နိုင်၊မင်းထင်ကိုကိုကြီး၊ သင်းဝေအောင်၊ မြတ်၊၀ိုင်းယဉ်နွယ်နဲ့ ကျနော်တို့ တစ်ဖွဲ့ ကြီးချီတက်ခဲ့ ကြတယ်။
အလယ်ရိုးမက လှိုင်းထက်၊ မန္တလေးက မောင်သင်းပန်တို့ တက်ရောက်ခဲ့ ကြတယ်။
မြန်မာပြည်အလယ်ပိုင်းမှာ အအောင်မြင်ဆုံးပွဲပါပဲ၊ ကျွန်တော်တို့  ရေးဖေါ် ခေတ်ပြိုင်နောင်တော်ညီတော်များရဲ့ 
ကျားကုတ်ကျားခဲကြိုးစားအားထုတ်ခဲ့ ရတဲ့ ပွဲပါ၊ ပွဲခွင့် ပြုချက်မရှိ ဘာမရှိနဲ့ 
အချိန်မရွေးထောင်ကျသွားနိုင်ပေမယ့်စီစဉ်ကြသူတွေရော တက်ရောက်ကြသူတွေပါ ရဲရဲရင့် ရင့် ပြုလုပ်ခဲ့
ကြတာပါ။
အဲဒီကာလက ကဗျာရွတ်ပွဲတွေဟာ အာဏာပိုင်တွေရဲ့  စောင့် ကြည့်ခြင်းတွေကြားက ကျင်းပခဲ့ ရတာပါ
ကဗျာနဲ့  ကဗျာရွတ်ခြင်းအပေါ် ယုံကြည်သက်ဝင်ကြသူတိုင်း ရူးသွပ်စွာ ဖြတ်သန်းခဲ့ ကြတာပါ။မကွေးမှာပဲ
ဆရာအောင်သင်း၊ ဆရာဖေမြင့် ၊ ဆရာလယ်တွင်းသားစောချစ်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း )တို့ ပါဝင်တဲ့ 
စာပေဟောပြောပွဲကို ၁၉၉၃ခုနှစ်မှာ ကျွန်တော်တို့ ရေးဖေါ်တွေစုပြီးကျင်းပခဲ့ ကြတုန်းက ပွဲအပြီးမှာ
ပြည်ထဲရေးကနှစ်ကြိမ်ခေါ်ယူစစ်ကြောခြင်းခံခဲ့ ရတယ်။ ဆရာအောင်သင်းရဲ့  မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို  ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောချက်အပေါ် အစာမကျေတာလေ၊ ပွဲပါမစ်ပေးတဲ့ မြို့ နယ်ဥက္ကဋ္ဌပြုတ်သွားတယ်။
ကိုမော်ကွန်းနဲ့  ကျွန်တော်က လက်မှတ်ထိုးရုံနဲ့ ပဲပြီးသွားတယ်။ ပြောချင်တာက ဖြတ်ရတဲ့ အမှောင်ခေတ်မှာ
ကျွန်တော်တို့  ကဗျာနဲ့ အတူ စာပေနဲ့ အတူ ရဲရင့် ခဲ့ ကြရတာပါ။ ခုချိန်မှာ ရောင်ခြည်ပျပျမှာ ကဗျာရွတ်ပွဲတွေ
ကျင်းပနေကြတယ်။အားရစရာလည်းကောင်းပါတယ်၊ ဒါပေမဲ့  ကျွန်တော်တို့ ဒီ့ ထက်မကလုပ်ပြချင်တယ်
လူထုဆီကျွန်တော်တို့  နှလုံးခုန်သံတွေကို၊ စကားလုံးတွေကိုစူးစူးရှရှရောက်ရှိရေးနည်းလမ်းတွေ
ရှာကြည့်သင့်ပါတယ်။ ဥပမာ လမ်းပေါ်မှာ တိုတိုထိထိနဲ့ ခပ်မြန်မြန်လေးရွတ်ပြမယ်။ သူတို့ စိတ်ဝင်စား
မယ့် အကြောင်းအရာမျိုး၊ ငြိမ်းချမ်းရေးအကြောင်းတို့  ကယ်ဆယ်ရေးအကြောင်းတို့ ကိုတင်ပြတာမျိုးပေါ့ ၊
သူတို့ စိတ်ဝင်စားရင် ဆက်ရွတ်ပြမယ် တစ်ယောက်စိတ်မ၀င်စားရင် နောက်တစ်ယောက် ရွတ်ပြမယ်၊
အောင်မြင်မှုရတဲ့ အထိကြိုးစားကြမယ်၊ လူထုဆီကဗျာယဉ်ကျေးမှု အနည်းအကျဉ်းရောက်သွားရင်ပဲ
ကြိုးစားရကျိုးနပ်မယ်ထင်တယ်။
အကိုကြီးမောင်သင်းခိုင်က ကျွန်းမကြီးကိုဆက်လုပ်ချင်တယ်လို့ ပြောလာတယ်။ ကျွန်တော်တို့ ကြိုးစား
မယ်အကိုကြီးလို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်တို့ ကျွန်းမကြီးဆီသွားကြမယ်၊ မြစ်ရေကျတဲ့ အချိန်မှာ
ပေါ်လာမယ့် ကျွန်းမကြီးဆီပြန်ကြမယ်၊ မြစ်ရေတွေတက်လာရင်ပျောက်သွားတတ်တဲ့ ကျွန်းမကြီးလိုပဲ
ရေအတက်မှာမြုပ်ခဲ့ ရတဲ့ ကျွန်းမကြီးကဗျာရွတ်ပွဲကို ရေကျချိန်မှာပြန်သွားကြမယ်…ရဲဖေါ်ရေးဖေါ်
အပေါင်းတို့ ရေ….။
လေပြေသုန်
( ၁၉ ၊၉၊၂၀၁၂ )   မှတ်ချက်။    ။  မသိသူ..နောက်ပေါက်များအတွက်ရှင်းရရင်....အလယ်ရိုးမဆိုတာ ပျဉ်းမနားကိုပြောတာပါ။
No comments:
Post a Comment