Wednesday, September 26, 2012
သမ္မာဒေ၀ လေ
တောင်တွေတောတွေ
မြစ်တွေချောင်းတွေကိုဖြတ်သန်းပြီး……..မြို့ တွေရွာတွေ လမ်းတွေဆီမှာ
အချိန်ပြည့်ရှိနေတဲ့  လေပါ၊
လေဖိအား အပြောင်းအလဲအလိုက်
စိတ်ပြောင်း စိတ်လွှဲဖြစ်ရတဲ့ လေပါ၊
ရာသီဥတုတွေ   ဖေါက်ပြန်ပြောင်းလဲရတိုင်း
ပြောင်းလိုက်ရ  လဲလိုက်ရ  လေပါ။
တိုက်ခတ်ချင်တာပေါ့ ဗျာ…
ဥယျာဉ်ပန်းမာလ်တွေထဲမှာ…
ကန်ရေပြင်ပြာလဲ့ လဲ့ မှာ…
ဒါပေမဲ့ …..  လေသင်္ခါရတရားက
လေအခွင့် အရေး မရခဲ့ တာကြောင့်
လေ အဖြစ်ရှင်သန်ဖို့  ရုန်းကန်ခဲ့ ရတာပါ။
လေကောင်းလေသန့် ဖြစ်လိုက်ရ
လေပုတ် လေဆိုးတွေဖြစ်လိုက်ရနဲ့ 
လေ ခေတ်ခပ်ဆိုးဆိုးမှာ
လေဖြစ်ရတဲ့  ဒုက္ခနဲ့    လေချစ်ရတဲ့ ဒုက္ခ
ဒုက္ခတွေ  တနင့် တပိုးနဲ့ 
လေဖြစ်ဆိုးခဲ့ ရတာ   ရာစုနှစ်ဝက်ကျော်…
ဒီ လေ က ပူးပေါင်းဆောင်ရွက်ရေးနဲ့ နေတယ်…
ပြုပြင်ပြောင်းလဲရေးနဲ့ နေတယ်…
ဆင်းရဲမွဲတေမှုပပြောက်ရေးနဲ့ နေတယ်…
ကူညီဖေးမမှုတွေနဲ့ နေတယ်…
ဒေသခံလူထုနဲ့  တစ်သားထဲကျအောင်နေတယ်…
လမ်းပေါ်ထွက်ပြီး  ရဲဝံ့ တဲ့   လယ်လုပ်သူတွေနဲ့ နေတယ်…
သမ္မာဒေ၀  လေ
သူယုံကြည်တဲ့  အလံတော်နဲ့ အတူ
တလူလူ တဖျပ်ဖျပ်နဲ့   အတူတူ ရပ်နေတယ်…။
No comments:
Post a Comment