Wednesday, September 26, 2012

သပွတ်က သပွတ်ပါပဲ သပွတ်ရယ်

သပွတ်ကို သပွတ်ပါလို့ ပြောတော့  သပွတ်ကစိတ်ဆိုးချင်သေးတယ်...
ဖွန်ကြောင်တော့ လည်းသပွတ်ကျတယ်...
ဖဲရိုက်တော့ လည်းသပွတ်ကျတယ်...
ဖိုက်တာလိုလို ဖါခေါင်းလိုလိုနဲ့ ... ဖရိုဖရဲဖြစ်တော့မှ
မဖုံးနိုင်မဖိနိုင်နဲ့  သပွတ်ကျတယ်
မလောက်လေးမလောက်စားက ဖင်ပွင့် ချင်တယ်ထင်တာပဲ
အရပ်ကိုသပွတ်အူလိုက်အောင် လုပ်လုပ်ပြ
နင့် ကိုယ်နင် ဘုရင့်သားများမှတ်နေလား
သပွတ်အူက အဖေခေါ်ရမယ့် ရပ်ကျော်ရွာကျော် သပွတ်ရယ်

အဲဒီသပွတ်က လွှတ်တော်တက်မယ်ဆိုပြီး  နေပြည်တော်အသွား
လမ်းဘေးမှာသေးပေါက်မှုနဲ့   စည်ပင်ကဖမ်းတော့ 
ငါက လွှတ်တော် ကိုယ်စားလှယ်ကွ ဆိုတော့ 
စည်ပင်က  သပွတ်ကိုကြောက်ပြီးလွှတ်လိုက်တယ်
သတင်းထောက်ကလည်း သပွတ်ပြောတာတကယ်မှတ်ပြီး

" ကိုယ်စားလှယ်တော်ကြီး ခင်ဗျား...ဒီနေ့ လွှတ်တော်မှာ
ဘာများတင်သွင်းဖို့ ရှိပါသလဲ ခင်ဗျာ "  ဆိုတော့
မြို့ တော်အင်္ဂါရပ်နဲ့ အညီ စည်းကမ်းရှိကြဖို့
မြို့ ပြ ဥပဒေတစ်ခု တင်သွင်းဖို့ ရှိပါတယ်  လို့  ဖြေတယ်
အဲဒီမှာ...သတင်းထောက်လည်း သပွတ်မှန်းသိပြီး
ရီး သပွတ်  လို့ ဆဲပြီးထွက်သွားတယ်...
အဲဒီလောက် သပွတ်က သပွတ်ကျတာ

စိတ်ညစ်လို့ တော့   အင်းလျားတို့  ကန်တော်ကြီးတို့ တော့ သွားမထိုင်လေနဲ့ 
သပွတ်အူတွေ မျောလာလိမ့် မယ်...
စိတ်ဆိုးရ ရင်လည်း  သပွတ်နဲ့ အပြိုင်  သပွတ်ကျတယ်ပြောကြဦးမယ်...
သပွတ်ရယ်  ဝေးဝေးမှာနေပါ့ လားကွယ်......


၂၆ သြဂုတ် ၂၀၁၂

No comments:

Post a Comment