Tuesday, September 25, 2012

ဒီအကွေ့ မှာ ငါမတွေ့ ချင်တဲ့ အလွမ်းတွေရှိနေတယ်လမင်းလေးရေ


ငါ့ ဘ၀က ဂငယ်ကွေ့ တွေ ကွေ့ ခဲ့ ရပေါင်းများတော့ 
အကွေ့ တွေတွေ့ ရင် ကြောက်တယ်ဟာ…
နင့် ကိုချစ်တာက  နင့် ကိုလွမ်းဖို့ မဟုတ်ဘူး
ဒီည နင့် ရဲ့ အနမ်းအကြွင်းအကျန်တွေနဲ့ 
လွမ်းရင်း တမ်းရင်းနဲ့  ကွေ့ ရပြန်ပြီ…၊
နောင်တတွေနဲ့  အမှောင်ချထားတဲ့ ငါ့ အခန်းထဲမှာ
ငါလွမ်းရင်းသေမလားပဲ…
နှောင်ကြိုးဆိုတာ  ချည်ပြီးရင်မပြတ်တတ်ဘူးထင်ခဲ့ တာ မှားသွားပြီပေါ့ 
ငါက နင့် ကို ကိလေသာနည်းနည်းနဲ့  စွဲစွဲမြဲမြဲချစ်နေချင်တဲ့ ကောင်ပါ
တဖန်ပြန်သစ်ပြီး  တချက်ငါ့ ဘက်ကိုလှည့်လိုက်ပါဦး
ဒီတပွဲတော့   အလွမ်းမပါတော့ ဘူးထင်ပါရဲ့ …
မျှော်လင့် ခြင်းနဲ့  ကွေ့ ရပြန်ပြီ..လမင်းလေးရေ…၊
ဒီမိုးတွေမှောင်တော့ လည်း  ငါ့ မှာလွမ်းရ
ဒီမိုးတွေစဲတော့ လည်း လွမ်းရ
နင့် ဆီမှာ ကမ်းတွေမပြိုဘဲ
ငါ့ ဆီမှာ သောင်ထွန်းခဲ့ တာလေ…။          ။

လေပြေသုန်
၁၇ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment