Wednesday, September 26, 2012

ရွှေအရောင်တဖိတ်ဖိတ် သပြေအောင် အတိတ်ပန်းတွေနဲ့  ထိတ်တန်းက တို့  သာသနာ




နစ်နာတာကို  မေတ္တာသာအခါခါပို့ ခဲ့ တာမို့ 
တစ်ခေတ်တစ်ခါမှာ   သမိုင်းအသစ်ရေးလိုက်တာလေ
အရိုင်းစနစ်မှာ   ခေါင်းမငုံ့ ကြစတမ်းရယ်နဲ့ 
ဒီလမ်းကို ရွှေအတိပြီးစေခဲ့ တစ်ပြေလုံးသိကြတာက
ဒါ ငြိမ်းချမ်းရေး အသွင်ပါ…။

အာဏာထိရင်ဆွေ့ ဆွေ့ ခုန်တတ်တဲ့ 
အဖေမယုံ  အမေမယုံကောင်တွေက
သာသနာကိုပါမယုံကြတော့ ဘူး
လူစုစုဆို  ပူမှုတွေအလွန်ပွေတတ်တဲ့ အရိုင်းကောင်တွေကြောင့် 
သမိုင်းတောင် ရိုင်းခဲ့ ရပြီ။

အာဏာယတြာနဲ့   သာသနာကိုလဲကြတော့ 
ဘုရားခေါင်းကိုင်ပြီး  ဘိသိတ်ခံရမယ်ဆိုရင်တောင်
သိပ်မှန်တယ်ထင်ကြဦးမှာပဲ
ဒီပွဲဟာ  ကြည့်မကောင်းပေမယ့် 
ခေတ်အကြောင်း စနစ်အကြောင်နဲ့ 
ဖြစ်ကြောင်းအကုန်အစင်ကိုတော့  သမိုင်းထင်ကျန်ခဲ့ ပြီလေ…။
( ဗုဒ္ဒသာသနံ စိရံတိတတ္ထု ) 

No comments:

Post a Comment