Wednesday, September 26, 2012

လေပြေသုန်ရဲ့  တစ်နှစ်အတွင်းအကောင်အထည်ဖေါ်မည့် စီမံကိန်း


( အိမ်ရာ )

လုံခြုံရေးနှင့်  ၀န်ဆောင်မှုအကောင်းဆုံး ကွန်ဒိုအိမ်ရာ
ရန်ကုန် မြို့ အတွင်းနှင့်  မနီးလွန်းမဝေးလွန်းနေရာ
ဘတ်စ်ကားသံနှင့်  ဘတ်စ်ကားစပယ်ယာသံတွေ မကြားရတဲ့ နေရာ
ငါးကင်နံ့ အပါအ၀င် ညှော်နံ့ တွေလုံးဝမရှိတဲ့ နေရာ
မီးမှန် ရေမှန်
အုပ်ချုပ်ရေးမှန်တဲ့ နေရာ။

( သွားလာရေး )

ကားကိုလချုပ်နဲ့ ငှားပြီး ဒရိုင်ဘာခန့် ထားမည်
BMW လို လုံခြုံစိတ်ချမှုပေးထားတဲ့ ကားမျိုးဖြစ်ရမည်
ဒရိုင်ဘာသည် အသက် ၄၀ ထက်မကြီးရ
ကားမောင်းသက် ၁၅ နှစ်ဝန်းကျင်ရှိရမည်
အရက်မသောက်တတ်သူကို ဦးစားပေးမည်။

( ပါရမီဖြည့်ဖက် )

အသက် ၂၇ နှစ်ထက်မကြီးစေရ
ဘွဲ့ ရပြီးရန်မလို သေစာရှင်စာတတ်ရင်ရပြီ
အသားရောင် မဖြူလွန်း မညိုလွန်း
အရပ်အမြင့်  အနည်းဆုံး ငါးပေ ဆယ်လက်မဖြစ်ရမည်
ရင် အသင့် အတင့်  တင်အသင့် အတင့် ပဲဖြစ်ရမည်
ပေါင်တံသွယ်လျပြီး ခြေမခွင်စေရ
ဆံပင်ဖြောင့် စင်းပြီး ကျောပေါ်အထိ အနည်းဆုံးရှိနေရမည်
မျက်နှာပြင်တစ်ခုလုံးသည် အပြစ်အနာအဆာကင်းရမည်
ကျန်သည့်အချက်များသည် လူတွေ့ စစ်ဆေးသည့်အခါမှသာဆုံးဖြတ်မည်။

( စားဖိုချောင် )

မိုက်ခရိုဝေ့  မီးဖိုမှအပ ကျန်သည့်မီးဖိုများမသုံးရ
ကြွက်နှင့် ပိုးဟပ်အပါအ၀င် ရောဂါပိုးသယ်ဆောင်နိုင်သော သတ္တ၀ါများမရှိစေရ
ကျွမ်းကျင်သော စားဖိုမှူးတစ်ယောက်ကို အချိန်ပိုင်းငှားထားမည်
အထက်ပါ ပါရမီဖြည့်ဖက်သည် စားဖိုချောင်လုံခြုံရေးအရ လုံးဝ ( လုံးဝ ) မ၀င်ရ။

( အနားယူ၊ အပန်းဖြေရေး )

Facebook သုံးရန်ကွန်ပြူတာတစ်စုံ
ရုပ်သံလိုင်းပေါင်းစုံဖမ်းယူနိုင်သည့် စက်များ
စာအုပ်စင်
Rock သီချင်းများကို ပီပီပြင်ပြင် နားထောင်နိုင်သည့် အော်ဒီယိုပစ္စည်းများ။

လျှို့ ဝှက်ထားသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များမှအပ
အထက်ပါ အချက်အလက်များသည်... ဥပဒေကဲ့ သို့ အာဏာတည်ရမည်။



လေပြေသုန်
၁၅ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment