Wednesday, September 26, 2012

နူးညံ့ တဲ့  လမ်းကလေး....


စောစောပြန်ကြရအောင် လမင်းလေးရေ...
တလောကလုံးမမှောင်ခင်  ငါတို့ အရောက်သွားမှဖြစ်မယ်...
ငါ့ လက်ကိုမြဲမြဲကိုင်ထား
စကားကိုလည်းတိုးတိုးပြောကြရအောင်
ငါ နည်းနည်းပဲသောက်ထားတာပါ
နင်မကြောက်နဲ့  ငါအသက်ရှူနေသေးတယ်
ငါ နိုးနေပါသေးတယ်။

မငိုနဲ့ အချစ်ရယ်...
ဒီတောတန်းမှာ ကျားဆိုးမရှိဘူး
တောပန်းလေးတွေ သိပ်လှပြီး
လေကောင်းလေသန့် လေးတွေ နုတယ်လေ...
တို.သွားတဲ့ လမ်းက  အနမ်းပါမယ်မဟုတ်လား
ပျော်လိုက်တာအချစ်ရယ်..
ငါသေပျော်ပါပြီ။

 

ဒီကဗျာရဲ့ ခေါင်းစဉ်ကို...ပန်းကလေး ပေးတဲ့ စာသားထဲကယူထားပါတယ်။

လေပြေသုန်
၂၄ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment