Tuesday, September 25, 2012

နည်းနည်းတော့ များနေပြီ လိုလိုလိုတွေ….


ကြောင်လိုလို ကျားလိုလို
တောင်ဆိုမြောက်ရောက်ပြီး
ယောင်သလိုလို ကြောက်သလိုလို…လိုလို လိုလိုနဲ့ 
လိုခြင်းထပ်ပြီး
ငိုချင်း မရပ်နိုင်ကြ၊ အသားလိုလို့  အရိုးတောင်းတာပါတဲ့ 
အတောင်းမရပ်တာက  သူဌေးလိုလို ခွေးလိုလို
ဆာသလိုလို ဂါသလိုလို
မလိုတာလည်း လိုတယ်…မလိုနဲ့ ဆိုလည်းလိုမယ်
လိုရမည်ရတွေလည်းလိုမယ်…အလိုရမ္မက်လည်းလိုတာပဲ
လိုတရမဖြစ်ခဲ့ တာသေချာပြီး မလိုမတပဲ အလိုလိုမရတာလည်းသေချာတယ်
လိုရင်းမရောက်ပဲ လိုလိုနေတာ
လိုလိုချင်ချင်  လိုလိုလားလားတွေလည်းလိုအပ်ပါတယ်
လိုချင်တာတွေကို လိုတိုးပိုလျှော့ လုပ်ဖို့ လိုနေတာပေါ့ ။

သဘောတရားတွေလည်းလိုတယ်
သဘောမတရားတွေလည်းလို
လက်နဲ့ တွေ့ တာတွေလည်းလိုတယ်
လက်နဲ့ မတွေ့ တာတွေလည်းလိုတယ်
လက်ရှိအစိုးရလည်းလိုတယ်
လက်မဲ့  အစိုးမရတာလည်းလိုတယ်
အတိုက်အခံလည်းလိုတယ်
မတိုက်မခံလည်းလိုတယ်
စစ်မဖြစ်ခြင်းတွေလည်းလိုတယ်
မစစ် မဖြစ်ခြင်းတွေလည်းလိုတယ်
လိုတယ်ဗျာ လိုတယ်ဗျာ လိုတယ်ဗျာ
ဟိုလိုလို ဒီလိုလို
ဟိုဟာလိုလို  ဒီဟာလိုလိုနဲ့ 
လိုလိုတွေများပြီး
လိုလိုတွေနဲ့ ပဲ ဆက်သွားနေတယ်။

လေပြေသုန်
၂၀ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment