Wednesday, September 26, 2012

ယဉ်ယဉ်ကျေးကျေး ရင်ခုန်သံတွေနဲ့  ရင်ပေါင်တန်းပြီး ရင်ဘတ်စည်တီးရေးတဲ့ ကဗျာ


ယဉ်ယဉ်လေးရူးပြီး ယဉ်ယဉ်ကျေးကျေး ခွေးကျ ၀က်ကျ ကျနေတဲ့ အကြောင်းကို
ရင်နဲ့ မဆန့် တဲ့  ယင်နားစာတွေနဲ့  ယဉ်ပါးနေတဲ့ ဘ၀မှာ
ရင်ခုန်သံတွေလည်း ရင်ခုန်သံမမြည်တော့ တဲ့ အခါ
ရင်ဘတ်စည်တီး ငိုငြီးခဲ့ ရတယ်။
ရင်ပြည့်ရင်ကယ်ဖြစ်နေတဲ့  ရွှေရင်အေးတို့ ခေတ်မှာ
ရင်ကြားစေ့ ရေးကို  ရင်ကျပ်ပန်းနာသည်အဖြစ်နဲ့ 
ရင်ကွဲပက်လက်   ယဉ်ကြောတွေပိတ်ခဲ့ တယ်။
ဒီယဉ်စွန်းတန်းမှာ  ယဉ်တလှောင်းလှေင်းနဲ့  ယဉ်ပါးနေတဲ့ 
ယဉ်ကျေးမောင် ယဉ်ကျေးမယ်တွေက
ရင်ကွဲနာမကျသေးခင်တော့    ရင်ကျိုးနေတဲ့ ပုံ။
ရင်ခတ်ပင်လိုပါပဲ   ငါတို့ က  ငါတို့ ရင်ညွန့် တွေမှာ
ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ ပဲ
ရင်တမမကို  ရင်ခွင်ပိုက်ထားရတယ်။
ရင်နှစ်သီးချာတွေကို   ရင်မှာထိုးပြီး
ရင်ထုမနာဖြစ်ရုံကလွဲရင်
ရင်ဖွင့် ပြဖို့  ရင်လေးစရာတွေက
ရင်အုပ်မကွာ  ရင်ဖိုနေရတာကိုပဲ
ရင်သတ်ရှုမောနေတာ     ရင်အေးနေတယ်တော့ မထင်နဲ့ ။         ။

No comments:

Post a Comment