Friday, September 28, 2012

မိမိ ရရ ၄၂



ကျနော်ရောက်ရှိခြင်း ၄၂
ကျနော်ပိုင်လိုက်တဲ့  ၄၂
ရာစုနှစ်တစ်ဝက်နားကို ခြောင်းကြည့်ခွင့်  ၄၂
ကျနော်ပြုံးခဲ့ တာ ၄၂
ကျနော်ငိုခဲ့ တာ ၄၂
ကျနော်ချစ်ခဲ့ တာ ၄၂
ကျနော်လွမ်းခဲ့ တာ ၄၂.....။

အမေ...
ကျနော် ရှိနေသေးတယ်အမေ
ကျနော် ရှင်နေသေးတယ်အမေ
အမေ ပေးခဲ့ တဲ့ ...အသွေးအသားဟာ
 ဘေးမများသေးဘဲ ကျန်းမာတယ်အမေ....။

ခေတ်ကြမ်းကြီးက ၂၆
ခေတ်ဆိုးကြီးက ၁၂
ခေတ်ကြောင်က ၂
အားလုံးပေါင်းတော့  ဟောင်းလောင်းပေါက်
ခေါင်းလောင်းသာခေါက်ပြီး....ကျောင်းတက်ခဲ့ ရပေမယ့် 
ပညာ ရွဲ့ ရွဲ   သညာနဲ့ နဲ့ 
အဲဒီလို  စခဲ့ ရတဲ့  လူငယ်ဘဝ
လွမ်း မရတော့ ဘူး။

ကလေးပါအမေ
ကျနော်သိတာတွေက  ကလေး
ကျနော်တတ်တာတွေလည်း ကလေးပါ
အဲဒီကလေးက အရိုင်း နဲ့ ကြီးခဲ့ ရတာ
တို့ ခေတ်ကိုရောက်ရမည် နဲ့ ကြီးခဲ့ ရတာ
သပိတ်မှောက်ကျောင်းသား နဲ့ ကြီးခဲ့ ရတာပါအမေ။

ထူလိုက်ပါးလိုက်ခေတ်ထဲမှာ
ကျနော်  အထူအပါးနားလည်ခဲ့ ပြီအမေ
ကျနော် ငွေကိုရေလိုမသုံးနိုင်ခဲ့ ပါဘူး
ဒါပေမဲ့  ၀င်ငွေရှာတတ်ခဲ့ တယ်…
အမေက ခရိုနီအသိုင်းအ၀ိုင်းဝင်မဟုတ်တော့ 
ကျနော် ရပ်တဲ့ အကန့် က  သန့် တယ်အမေ…။

ဒီရေတက်တော့ 
ဒီတောတွေပျက်တယ်
ဒီရေကျတော့ 
ဒီအလှတွေ…..ပျက်ခဲ့ တာပဲမဟုတ်လား။

ဒီချောင်းတွေကောတော့ လည်း
ဒီ ခရောင်းတောတွေက
ထနောင်းတွေ နဲ့ လှ
ကျွန်းမရရင်  ကိုင်း
ကိုင်းမရတော့   ရိုင်းပေါ့ 
တကယ်တော့ 
ဘာမှ   မှီလို့ မရတဲ့    ဘ၀အမှန်ပါအမေ…။

ကျနော့်မှာ…
ငယ်ချစ်ကလည်းသစ္စာမရှိ
ငယ်ပေါင်းကလည်း မေတ္တာမသိဘူး
ကျနော့် …ဖြတ်သန်းမှုက  ဆူးလှည်းသာသာပါ
တလူးလူး တလဲလဲနဲ့  ၄၂ ပါအမေ။

ကျနော့်  ငယ်သူငယ်ချင်းတွေ
သေကုန်ပြီအမေ…
ဒီခွေးမြီးကောက် တစ်ယောက်ပဲ
A  ကနေ Z အထိ  ဘာမှမညိသေးဘူးအမေ
အရှိတရားက  သတိမထားလည်းလှတုန်းပါပဲ။

ဒီတစ်ကြောင်းပြီးသွားလို့ 
နောက်တစ်ကြောင်းထပ်ရေးလိုက်တော့ လည်း
လောကဓံရှစ်ပါး ပါပဲ
အားပါးတရဆိုတဲ့ သီချင်းကလည်း ဘုံသုံးပါးကမလွတ်
ဒီဘ၀ မကျွတ်တာတော့ အမှန်ပဲအမေ။

အမေပြောနေကျစကားလိုပေါ့ 
တစ်ယောက်နဲ့ တစ်ယောက်မှာ ထာဝရစာချုပ် မရှိခဲ့ ကြဘူး
ကျနော့်  အလွမ်းဓါတ်ခံကိုက ပန်းရနံ့ မသင်းခဲ့ ဘူး
ကျနော့် မှာ အချစ်ဦးဆိုတာလည်း အရုပ်ရေးပြရတဲ့ အဖြစ်
ကျနော် စစ်စစ်ပါအမေ။

ကျနော့် မှာ အချစ်စစ်အချစ်မှန်ရှိတယ်အမေ
ချစ်သူစစ်စစ်မရှိခဲ့ ဘူး
ကျနော် မိတ်ဆွေစစ်စစ်ပါအမေ
မိတ်ဆွေအစစ်မရခဲ့ ဘူး
ဒါပေမဲ့ 
တခြားတစ်ဖက်အတွက်
ရန်သူစစ်စစ်
ကျနော့် မှာ ရန်သူစစ်စစ်ကတော့ သေချာပေါက်ရှိတယ်အမေ။

ပျော်ပျော်နေပါတယ်အမေ
အမေပြုံးသလို ကျနော်ပြုံးတတ်ခဲ့ တယ်
အမေရုန်းသလို ကနော်ရုန်းခဲ့ တယ်အမေ
သစ္စာက လေးပါးဆိုအမေရဲ 
ဟုတ်မှာပါအမေ
ကျနော့်  ၄၂ က
ပါးပါးနဲ့  လေးလိုက်တာအမေရယ်…။

နောက်ဘ၀မှာ
ကျနော်ရချင်တာနှစ်ခုပဲရှိတယ်
တော်လှန်တတ်တဲ့ စိတ်နဲ့ 
အနုပညာ ဗီဇပါပဲ
ကျနော် မက်မက်စက်စက်ရှိလှ
အသက်နဲ့ ထပ်တူထပ်မျှပါ။

နောက်မဆုပ်ဘူးအမေ…
ကျနော့်  ၄၂ က  သစ္စာအပြည့်
ကျနော့်  ၄၂ က  ရောင်ရှိန်မြင့် မြင့် 
ကျနော့်  ၄၂ က  တဖိတ်ဖိတ်တလက်လက်
ကျနော်ဆက်ထားတဲ့   ဆက်ကြောင်းဟာ
လက်ဟောင်းပါအမေ… ဈေးတော့ မပေါဘူး။

ဒီခလုတ်ဟာ
ဒီပုပ်ထဲက ဒီပဲပါဘဲ
ကျနော် လက်ဆုပ်လက်ကိုင်မိနေတဲ့  ၄၂ မှာ
အမှန်တရားကတော့   ခုထိရုပ်ရှင်ရိုက်လို့ ကောင်းတုန်း
ကျနော်ကလည်း  ကဗျာရေးလို့ ကောင်းတုန်းပါအမေ…...။   

ရက်ပေါင်း ၇၀ ပဲလိုတော့ တဲ့  ( ၄၂ )မြောက်မွေးနေ့ အတွက်
လေပြေသုန်





No comments:

Post a Comment