Wednesday, September 26, 2012

ဒီည မင်းနဲ့ အတူရှိချင်တယ်


နေခဲ့ တော့  နွယ်ရေ…မင်းထင်တာတွေကိုမင်းရင်မှာပိုက်ပြီး
မင်းထိုက်နဲ့ မင်းကံနေခဲ့ တော့ ကွာ…
ခါးတမာတွေက ပျားသကာလိုချိုလာတဲ့ အချိန်မှာတောင်မှ
မင်းနဲ့ ငါက နီးစပ်ဖို့  တော်တော်ဝေးပါတယ်၊
နွယ်ရေ…
ငါးမရရေချိုးပြန်တဲ့  အထဲမှာ ငါမပါသလို
ပိုးသာကုန် မောင်ပုံစောင်းမတတ်တဲ့ အထဲမှာလည်း ငါမပါဘူး၊
ဒီနှစ်နွေက ပိုပူတယ်နွယ်…
ငါမရှိရင် မနေတတ်တဲ့ မင်းက နွေထက်ပိုပူနေမှာပေါ့ 
လျှော့ မတွက်နဲ့ နွယ်ရေ…
ငါက ဘာသားနဲ့ ထုထားတာမို့ လဲ
မင်းပဲ စိတ်မချ
မင်းပဲ အရိပ်တမျှ  ငါ့ နောက်ကိုလိုက်နေခဲ့ တာမဟုတ်လား၊
လျှော့ သောက်ပါအကိုရယ်…ဆိုပြီး
နင်ငြီးခဲ့ ရတဲ့ ညတွေ…အမှောင်ဆုံးပဲမဟုတ်လား၊
ဒီဇတ်ကို  နာလွန်းတယ်ဆိုပြီး နင်ထွက်သွားတော့ လည်း
ရှင်လျှက် သေရတာ   ငါပါ
အချစ်မိုးတွေဘယ်လောက်ရွာရွာ  ကဗျာမဆန်တော့ ဘူး နွယ်ရေ…
အချစ်နှင်းတွေ ဘယ်လောက်ဝေေ၀  ကွေကွင်းခြင်းက တဆတ်ဆတ်
အနေမနီးခြင်းက  တဖျပ်ဖျပ်ကို လူးလို့ …၊
သာယာပါတယ်  နွယ်…
တွယ်နေတဲ့  အမြစ်က   အလွမ်းဆိုတော့ 
ကွယ်နေတဲ့ အချစ်က  နွမ်းရောပေါ့ …
ဒီ လမ်းမှာ  ဒီအလွမ်းတွေနဲ့ 
နွယ်ရေ…
ဆီခမ်းတဲ့   မီးစာက ငါပါ…။
 


                                                 လေပြေသုန်
                                                               ၈ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment