Tuesday, September 25, 2012

ရောင်နီပြပြကို ငါတို့ လျှောက်နေကြတယ်


အောင်ပြည့်ရေ…
အဲဒီမှာ မင်းရောက်နေသလို…ငါလည်းရောက်လာခဲ့ တယ်…
မင်းဖြစ်ချင်တာဟာ ငါဖြစ်ပြီး
ငါကလည်း မင်းဖြစ်နေပြန်ရော…
ငါတို့ က အရုဏ်ကိုမျှော်ကြ
ရန်လိုမှုတွေရပ်ချင်ကြ
အချင်းချင်းပြန်တိုက်ရတဲ့  စစ်ကိုမင်းရင်ခုန်ခဲ့ လို့ လား။
ဒီနေ့ ပွဲက လှတယ်ညီ
အကြည်ဓါတ်တွေနဲ့ စီးမျော
ငါတို့ မမောခဲ့ ကြဘူး
တရားမျှတမှုတွေ …ပေးပါ
ငြိမ်းချမ်းမှုတွေ….ပေးပါ
ပေးပါပေးပါနဲ့ 
တို့ ဆက်လျောက်နေတယ်လေ။
ကချင်တဒေသလုံး အေးချမ်းပါစေ
တနိုင်ငံလုံး လင်းပွင့် ပါစေ
ဒီခြေလှမ်းတွေ မယိင်းယိုင်ဘူး
ညီညွတ်မှုတွေ  ဘေးမထွက်ဘူး
လူထုက ငါတို ကို့ရေချမ်းတွေနဲ့ ကြိုကြ
လက်တွေပြကြတယ်…
တစ်ထပ်တည်းကျတဲ့ ဆန္ဒ  သူတို့ မှာလည်းရှိတယ်
ငါတို့  တစ်သားထဲ ကျခဲ့ တယ်အောင်ပြည့်။
အပူရောင်တွေကလည်းတောက်ပါ့  ညီရေ…
တို့ ခြေလှမ်းတွေမရပ်ကြဘူး
တို့ မောင်နှမတွေ ဆက်လျှောက်နေတယ်
တားပေမယ့်   သွားနေလျှက်ပဲ…
ပိတ်ပေမယ့်   စိတ်တွေမာဆဲ…
ခန့် မင်းထက်လည်းဆက်လျှောက်နေတယ်
သော်ဇင်အုံးလည်းဆက်လျှောက်နေတယ်
သက်ငြိမ်သစ်လည်းဆက်လျှောက်နေတယ်
မှူးသစ်လည်းမရပ်ဘူး
မင်းလည်းမရပ်ခဲ့ ဘူးမဟုတ်လား
ငါတို့ ရေးဖေါ်  ရဲဖေါ်တွေ ညီလိုက်တာ
မနက်ဖန်လည်း ဆက်ညီကြမယ်
ဟိုမှာ အရုဏ်ပြပြ  မြင်ရတဲ့ အချိန်ထိ
ညီကြမယ်  နီကြမယ်
အောင်ပြည့်ရေ…တို့ ကဗျာတွေ  အဆီထနေရမယ်ကွ။     /


လေပြေသုန်
၂၂ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment