Wednesday, September 26, 2012

အကြွေတွေရှားပြီး ငွေတွေပါရှားသွားတဲ့ ခေတ်ကြီးမှာဗျာ...

လက်ဖက်ရည်ဖိုးကစပြီး  သဒ္ဒါကြေးမှာဆုံးတဲ့ 
လာတ်ပေးလာတ်ယူမှုမှာ...
ကျနော်တို့ ခင်ဗျားတို့   အကုန်လုံးနဲ့ ပတ်သက်တယ်
ဆရာရယ်..........ကူညီပါနော်ဆိုတော့ 
ကူညီပါရစေဆိုင်းပုဒ်ထတပ်တယ်
ကူညီပြီးရင်  အာရကေရမယ်ဆိုတဲ့ အသိက
သူတို့ သင်တန်းကျောင်းမှာတော့ မသင်ဘူး
ကျူရှင်မှာသင်ခဲ့ ရတာ။

လမ်းဘေးမှာ ဘယ်သူဌေးကဈေးဆင်းရောင်းမှာလဲ
ပြေလည်နေတဲ့ မိန်းမတစ်ယောက်  ဖာအဖြစ်ဘယ်ခံမှာလဲ
ဖာမရှိဘဲနဲ့ လည်း  ဖာခေါင်းမရှိနိုင်ဘူး
၁ လုံး ၂လုံး ၃လုံး
အရှုံးပေါ်နေတဲ့   ကုန်စိမ်းသည်ကို
ဘောက်ချာတွေ့ တယ်ဆိုပြီးဖမ်းတယ်
လိုင်းကြေးပေးထားတဲ့ ဒိုင်ကိုတော့  ခဏရှောင်ခိုင်းထားတယ်၊
ဆေးခြောက်လည်းရောင်းတယ်
ကွမ်းယာလည်းရောင်းတယ်ဗျာ
ဒါ ကျနော့် စီးပွါးရေးပဲ...
ခင်ဗျားတို့  ဆရာသမားတွေလို
ဘိန်းကို သစ်လုံးထဲ ထည့်ပြီး မတင်ပို့ နိုင်ပါဘူး
အာမခံလေးတော့ လုပ်ပေးပါဆရာရယ်ဆိုတော့ ...
လက်ညှိုးနဲ့ လက်မကို ၀ိုင်းပြတယ်...
သြော်ဆရာရယ်  စားစရာမရှိ  ရော်စရာတော့ ရှိရမှာပေါ့ ။
အဲဒီလိုပါ....
အဲဒီလိုဖြစ်ခဲ့ တာပါ.....
အဲဒီအတိုင်း  ဖြစ်လာခဲ့ တာပါ.....။

အဲဒါသမိုင်းပါ...
သမိုင်းရဲ့ အပေါ်မှာဘယ်သူရှိပြီး
သမိုင်းရဲ့ အောက်မှာဘယ်သူရှိသလဲ
အဲဒါမသိဘူး
သမိုင်းထဲမှာတော့  ငါတို့ ရဲ့ မျက်ရည်ပေါက်ကြီးငယ်တွေပါစေချင်တယ်။         ။

လေပြေသုန်
၁၆ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment