Wednesday, September 26, 2012

ပြန်သာပြန်ခဲ့ ကြပါ

တော်လှန်ရေးမှာ  အမှားအမှန်ဆိုတာ
သမိုင်းကပြောမှာမို့ 
အဝေးရောက်သားတွေ   အမိမြေကိုပြန်သာပြန်ခဲ့ ကြပါ
ကိုအောင်းဝေး ပြန်လာပါ
လေဆိပ်မှာ
ကဗျာတွေ  အော်အော်ရွတ်ပြီးကြိုပါ့ မယ်
ယာမာဂူချီ ခင်ဆွေရီနဲ့ အတူ ပြန်လာခဲ့ ပါ အကို
ပင်လယ်မဲ့ မဲ့ မြစ်ကို
အကို့ လေ အကို့ ဟန်နဲ့   ကျနော်တို့ ရွတ်ပြီးကြိုမယ်။
ပြန်သာပြန်ခဲ့ ကြပါ
ကိုနေဇော်နိုင် ပြန်လာပါ
လေဆိပ်မှာ
သံလမ်းမဲ့ ရထားထဲက  မျက်ရည်ဝဲရတဲ့  စာသားတွေကို
အော် အော်ရွတ်ရင်း ကျနော်တို့ ကြိုမယ်။
ပြန်သာပြန်ခဲ့ ကြပါ
ကိုခင်လွန်း ပြန်လာပါ
ကိုလွဏ်းဆွေပြန်လာပါ
မမေငြိမ်းပြန်လာပါ
မခက်မာပြန်လာပါ
သစ်ကောင်းအိမ်ပြန်လာပါ
လင်းအေးထင်ပြန်လာပါ
ကဗျာတွေအော်အော်ရွတ်ပြီးကျနော်တို့ ကြိုပါရစေ
အဝေးရောက် အမေ့ သား အမေ့ သမီးတွေကို
အမေ့ အလံလွှင့် ပြီး ကျနော်တို့ ကြိုပါရစေ
ပြန်သာပြန်ခဲ့ ကြပါ ….
ကဗျာတွေအော်အော်ရွတ်ပြီးကျနော်တို့ ကြိုပါရစေ…။

လေပြေသုန်          ၆ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment