Thursday, September 27, 2012
မောင်ချောနွယ်ခေတ်ထဲမှာ...ထားခဲ့ ပါ
ကျနော်၁၃ နှစ်သားဘ၀ ၀တ္ထုစာအုပ်တွေ၊ မဂ္ဂဇင်းပုံတွေကြားထဲမှာ ကြီးပြင်းခဲ့ ရပါတယ်...
ကျနော့် အဖွားနဲ့ အမေက စာဖတ်ကြတယ်၊ သူတို့ နှစ်ယောက်စလုံးကလည်းကျောင်းဆရာမတွေပါ
ကျနော်...ရွှေသွေးတို့  တေဇတို့ ဖတ်နေရာကနေ...မြ၀တီ။ ငွေတာရီ  စတဲ့ မဂ္ဂဇင်းတွေ၊ တိုင်းရင်းမေ၊
ယုဝတီ လိုဂျာနယ်တွေ ကနေစပြီး၊ နိုင်ဝင်းဆွေ၊ တက္ကသိုလ်ဘုန်းနိုင် စတဲ့ လုံးချင်းဝတ္ထုတွေအထိ
ဖတ်ဖြစ်ခဲ့ တယ်။
ဒါပေမဲ့  မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာပါတဲ့  ကဗျာတွေကို ပိုပြီးစွဲလန်းခဲ့ တယ်၊ ကဗျာတွေစမ်းရေးကြည့်တယ်၊
အမေက သိသွားတဲ့ အချိန်မှာ နွေရာသီကျောင်းပိတ်ရက်တွေဆို သံပေါက်တွေစပြီးသင်ပေးတယ်၊
လေး သုံး နှစ်ကစပြီး တတ်လာလိုက်တာ...လေးချိုး၊ ဒွေးချိုး၊ နဘေဆိုတဲ့ အခန့် တွေအထိရေးလာနိုင်ခဲ့ တယ်...။
အဲဒီအချိန်မှာ...အနုပညာဋ္ဌေးကြည် (စလင်း ) ဆိုတဲ့ ကဗျာဆရာနဲ့ ရင်းနှီးခွင့် ရခဲ့ တယ်၊ ဆရာက
ဆယ့် နှစ်ပွဲဈေးသည်ပါ၊ နှစ်တိုင်း ကျနော်တို့ ရဲ့ အထင်ကရဘုရားပွဲဈေးကိုနှစ်တိုင်းလာပြီးဈေးရောင်းတယ်
ကျနော့် ရဲ့ ဒုတိယမြောက်ဆရာပါ၊ သူကကျနော့်ကို စာစောင်တွေကို ကဗျာပို့ ဖို့ တိုက်တွန်းတယ်၊
သူနဲ့ အတူတူ ပို့ တယ် နောက်ပိုင်းကျနော်စာစောင်တွေကို ကဗျာပို့ တတ်လာတယ်၊ အမေနဲ့ အဖွားကလည်း အားမပေးပေမယ့် မတားမြစ်ဘူး၊ ကျောင်းစာမှာအားနည်းသွားမှာသူတို့ ကစိုးရိမ်တယ်၊ ကျနော်က ကျောင်း
စာမှာလည်းမပျက်ခဲ့ ဘူး၊ ဒီလိုနဲ့  အဖွားကစပြီးကျနော်တို့ မိသားစုကိုခွဲသွားတယ်၊ ကျနော်ကအဖွားကိုအမေ
ထက်ပိုချစ်ခဲ့ တာလေ..... ကျနော်အရမ်းခံစားခဲ့ ရတယ်၊ ကျနော့် ဘ၀မှာလည်း သေခြင်းတရားကိုမျက်ဝါး
ထင်ထင်စပြီးရင်ဆိုင်ခဲ့ ရတာပဲ၊ အဲဒီတုန်းကကျနော်တို့ အိမ်မှာဖျော်ဖြေရေးဆိုလို့  ရေဒီယိုတစ်လုံးရယ်
ကက်ဆက်တစ်လုံးရယ်ပဲရှိတာ တီဗီတို့  ဗွီဒီယိုတို့ ဆိုတာ ရုံမှာပဲ ကြည့်ရတာလေ...။
အမေက ရုပ်ရှင်လိုက်ပြတယ်၊ သီချင်းခွေတွေဝယ်ပေးတယ်၊ ကျနော့်ရဲ့ အဖွားကိုလွမ်းတဲ့ စိတ်ကိုပြေ
အောင်ပေါ့ ၊ ဒါပေမဲ့  ကျနော်က အဖွားမြတ်နိုးတဲ့  စာအုပ်ပုံကြားကိုသွားပြီးအလွမ်းဖြေတယ်၊
ဂီတသတင်းစဉ် စာစောင်မှာ ကျနော့် ရဲ့ ပထမဦးဆုံးကဗျာတစ်ပုဒ်ပါလာပါတော့ တယ်.......
အမေရေ....ကျနော့်ကဗျာပါလာပြီဗျ   လို့ အမေ့ ကိုဝမ်းသာအားရပြောလိုက်တော့  အမေကလည်းဝမ်းသာအားရ အသိအမှတ်ပြုတယ်။ ကျနော်ပျော်သလို အမေပျော်ခဲ့ ရတယ်။
အဲလိုနဲ့ ... သစ်ဆန်းစာစောင် အကယ်ဒမီစာစောင်တွေမှာဆက်တိုက်ပါလာခဲ့ တယ်၊
အဲဒီတုန်းက ပို့ တော့ စာတိုက်က၊ စာမူခမပြောနဲ့  စာစောင်လက်ဆောင်တောင်မရခဲ့ ပါဘူး
ကိုယ့် ကဗျာပါလာတာနဲ့  ချက်ချင်းပြေးဝယ်၊ ဟိုပြဒီပြပေါ့ ဗျာ၊ ပျော်တာ ပျော်တာ အဲလိုပျော်ခဲ့ ရတာ။
အဲ့လိုနဲ့  သင့် ဘ၀မဂ္ဂဇင်းမှာ...ရုပ်ရှင်မျက်မှန်မှာ...ပျော်မဆုံးမော်မဆုံးပေါ့ ဗျာ...ရန်ကုန်ပြောင်းလာတော့ 
ကျောက်မြောင်းထဲမှာရှိတဲ့  မဂ္ဂဇင်းတိုက်နဲ့  စာစောင်တိုက်တွေကို တစ်လမ်းဝင်တစ်လမ်းထွက်....
လွယ်အိပ်ကလေးလွယ်ပြီး ကဗျာဆရာဂိုက်ဖမ်းတတ်ခဲ့ ပြီ၊ ကဗျာဆရာကြီးငယ်တွေနဲ့  ရွှေကြည်အေး
ရွှေလ၀င်းနဲ့  လေထန်ကုန်းအစရှိတဲ့ လက်ဖက်ရည်ဆိုင်တွေကအစ၊ ပုဇွန်တောင်၊ ၄၂ ၊ စပယ်ဖြူအစရှိတဲ့ 
အရက်ဆိုင်တွေထဲမှာ ကဗျာရူးတစ်ယောက်ဖြစ်ခဲ့ ရတယ်။
ကျနော်တို့ မဂ္ဂဇင်းအပါအ၀င် စာမျက်နှာတွေပေါ်ကို နောက်ဖေးပေါက်ကတက်လာခဲ့ တာမဟုတ်ဘူး။
ကဗျာကလွဲပြီးဘာကိုမှလည်းမရူးသွပ်ခဲ့ ဘူး၊ အမှီတော့ ရှာခဲ့ တယ်။ ဆရာမွေးခဲ့ တယ်၊ ဒါပေမဲ့ အုပ်စု
မဖွဲ့ ခဲ့ ဘူး၊ ပိုက်ဆံရဖို့ အတွက် တခြားနည်းနဲ့ ရှာခဲ့ တယ် ကဗျာအပေါ်မှာတော့ သစ္စာမဖေါက်ခဲ့ ဘူး။
ဒီပို့ စ်ကိုဘာလို့ ရေးလည်းဆိုရင်.....................................................................................................
ကိုချောစကားကိုပဲငှားသုံးရရင်............................
အနုပညာမရခင်............
လူလည်လုပ်နည်းတတ်လာခဲ့ တဲ့ ကောင်တွေက
ဒီနေ့  ကဗျာ၊ စာ လောကမှာ အပျိုင်းအရိုင်းမြက်တွေတောထသလို
အလျှို လျှို ပေါ်လာနေတာမို့ ၊ ကျနော်စိတ်မကောင်းဘူး၊
ကိုယ့် အလုပ်ကိုအေးအေးဆေးဆေးလုပ်ရင်ဘာမှမပြောလိုပါ
ခုဟာက...ဆူးလှည်းကြီးမောင်းသလို...ဟိုငြိဒီငြိ။ ဟိုစူး ဒီစူး၊
 ဟိုရမ်းဒီရမ်းနဲ့  ပတ်ဝန်းကျင်ကိုထိပါးလာကြပြီ၊
ကျနော်တို့ လက်ပိုက်မကြည့်နိုင်ပါ။
မောင်ချောနွယ်ယိမ်းကနေတယ်   တဲ့ .......................................................................................
သစ္စာနီယိမ်းထက်စာရင်မြတ်တယ်ဗျ
ဇေယျာလင်းယိမ်းထက်လည်းမြတ်တယ်......................................................................................
ကျနော်တို့ ကတော့ တစ်လမ်းဝင်တစ်လမ်းထွက်၊ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ ...........................
ကဗျာကိုဖက်ထားဦးမှာပဲ.......ဗျာ
ဒါကိုမှ....အနုပညာမရှိဘူးဆိုရင်လည်း၊
မောင်ချောနွယ်ခေတ်ထဲမှာပဲ...........ထားခဲ့ ပါတော့ .....................................................................
ပျော်ပျော်ကြီးနေခဲ့ ပါ့ မယ်........................................................................................................။
လေပြေသုန်
၂၇ စက်တင်ဘာ ၂၀၁၂
No comments:
Post a Comment