Tuesday, September 25, 2012

မင်းသားကြီး

 
ရုပ်ရှင်တစ်ခေတ်မှာ
ပရိတ်သပ်ချစ်တဲ့ မင်းသားကြီး၊
သူနှစ်သူ ခေတ်မှာ
ကျော်သူဖြစ်ခဲ့ တဲ့ မင်းသားကြီး။
ကျော်သူပုဆိုး
ကျော်သူလွယ်အိပ်
ကျော်သူကေဆိုပြီး
အဲလောက်ကြီးကျော်ကြားခဲ့ တယ်။

အဲဒီမင်းသားကြီးက
သုဘရာဇာအလုပ်ကို တိုင်းသိပြည်သိထလုပ်တော့ 
သဘောမပေါက်တဲ့ သူ
သဘောမကျတဲ့ သူ
အားပေးသူ
အားကျသူတွေနဲ့  အဲဒီလမ်းကိုရဲရဲတောက်ဆက်လျောက်တယ်။

သူ့ အလုပ်ကအောင်မြင်ပြီး
သူ့ ခရီးကသာခဲ့ တယ်
လူထုနိမ့် ရင် အငြိမ်မနေဘူး
လူထုထတော့ လည်း လိုက်ကြွတယ်
တရားသိပြီးတရားတဲ့ ဘက်ကရပ်တယ်။
သူပေးဆပ်တာမှန်တော့ 
သူပြန်ရတာတန်တယ်…။
ပါရမီဖြည့်ဖက်လည်းအရတော်တယ်
လက်တွဲဖေါ်စစ်ပြီး တစ်ထမ်းရွက်တော့  တစ်ရွက်ပါနိုင်တယ်
မင်းသားကြီးရေ…
ခင်ဗျားနှလုံးသားကို  ကျနော်ရှိခိုးလိုက်ပါရဲ့ 
ခင်ဗျားဘ၀အလံတော်ကို ဒီကဗျာနဲ့ ဦးညွှတ်လိုက်တယ်။      ။

လေပြေသုန်
၁၇ စက်တင်ဘာ ၂၀၁၂

No comments:

Post a Comment